ဒုရဲအုပ် ချယ်ရီထက် ​ထောင်ဒဏ် ၂ နှစ် နောက်ထပ်ချမှတ်ခံရ

ဒုရဲအုပ် ချယ်ရီထက် ​ထောင်ဒဏ် ၂ နှစ် နောက်ထပ်ချမှတ်ခံရ

မတ်လ ၃၁ ရက်

နိုင်ငံ​တော် အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်၏ ကိုယ်ရံ​တော် ဒုရဲအုပ် ချယ်ရီထက်ကိုရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)အမှုအတွက် ထောင်တွင်းတရားရုံးက ယနေ့ မတ်လ ၃၁ တွင်  ထောင်ဒဏ် နှစ်နှစ်ချမှတ်လိုက်​ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက​ပြောသည်။

အာဏာသိမ်းစစ်ကောင်စီဘက်က အမှုနှစ်ခုနှင့်စွဲဆိုခံရသော အသက် ၃၀ အရွယ် ဒုရဲအုပ်ချယ်ရီထက်သည် ရဲဝန်ထမ်းဆိုင်ရာဥပဒေချိုးဖောက်မှုကြောင့် ထောင်ဒဏ်သုံးနှစ်ချခံထားရပြီးသားဖြစ်ကာ နေပြည်တော်အချုပ်ထောင်ထဲမှနေ၍ တရားရင်ရင်ဆိုင်ခဲ့ရသည်။

ဒုရဲအုပ် ချယ်ရီထက်က သူ၏လူမှုကွန်ရက် စာမျက်နှာတွင် ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်၊ ၇ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ရေးသားခဲ့သည့် အကြောင်းအရာများ၊ ဇွန်လတွင် NLD အမတ် ဒေါ်သီရိရတနာ နှင့် ဆက်သွယ်ခဲ့ခြင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ သတင်း ထုတ်ပြန်ချက်များကို ပေးပို့ခြင်း၊ ပြည်ပ သတင်းဌာနများ၏ သတင်း ရုပ်သံဖိုင်များ အပြန်အလှန် ပေးပို့ခြင်းများကိုအကြောင်းပြု၍ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် စွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ 

နေပြည်တော်တွင် အမိန့်ချခံရသူအများစုကဲ့သို့ပင် သူမကို ရမည်းသင်းအကျဥ်း​ထောင်ကို ပြောင်းရွှေ့ပို့ဆောင်သွားမည်ဟု သိရသည်။

ဒုရဲအုပ် ချယ်ရီထက်သည် ယမန်နှစ် စက်တင်ဘာလအတွင်းက နေပြည်တော်၌ ဖမ်းဆီးခံခဲ့ရကာ တစ်လကျော်အကြာတွင် ရဲစည်းကမ်းချိုးဖောက်မှုဖြင့် ထောင်သုံးနှစ် ပြစ်ဒဏ်ချခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required