တရုတ်တွင် ပညာရေးပုံစံပြောင်းလဲကာ ဘာသာရပ်အားလုံးကို တရုတ်ဘာသာဖြင့် ပြဋ္ဌာန်း

By Tibet Press
31 March 2022
တရုတ်တွင် ပညာရေးပုံစံပြောင်းလဲကာ ဘာသာရပ်အားလုံးကို တရုတ်ဘာသာဖြင့် ပြဋ္ဌာန်း

လာဆာမြို့တော်ရှိ တိဗက်ကျောင်းများတွင် ယခုအခါ ဘာသာရပ်အားလုံးကို တရုတ်ဘာသာဖြင့် သင်ကြားလျက်ရှိသည်။ ထိုအပြောင်းအလဲများ၏နောက်ကွယ်မှ ရည်ရွယ်ချက်မှာ ကျောင်းသားများကို ဦးနှောက်ဆေးကြောရန်ဖြစ်သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ်ရှိ ဂိုလော့တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် ပြဋ္ဌာန်းစာအုပ်များကို တရုတ်ဘာသာသို့ ပြန်ဆိုထားကြောင်း သတင်းရင်းမြစ်က ပြောသည်။

တိဗက်ဘာသာစကား အတန်းများမှလွဲ၍ သင်္ချာ၊ သိပ္ပံနှင့် ဝိဇ္ဇာ အစရှိသော အခြားဘာသာရပ်အားလုံးကို တရုတ်ဘာသာဖြင့် သင်ကြားပို့ချပေးနေသည်။

အချို့သောကျောင်းသုံးစာအုပ်များသည် ပြီးခဲ့သည့် ပညာသင်နှစ်အစကပင် ကူးပြောင်းပြီးသားဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ Tibet Press ဖော်ပြခဲ့သည်။

သို့သော် ယခုအခါတိဗက်ကျောင်းများအားလုံးတွင် တရုတ်ဘာသာဖြင့် သင်ကြားမှု တိုးလာနေပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နိုင်ငံရေး သဘောတရားသည် ယခုအခါ သင်ကြားရေးအတွက် အဓိက အကြောင်းအရာ ဖြစ်လာနေပြီဖြစ်သည်။

တရုတ်တပ်များသည် ၁၉၅၀ ခုနှစ်တွင် တိဗက်ကို ချင်းနင်းဝင်ရောက်ခဲ့ပြီးနောက် သိမ်းပိုက်ခဲ့သည်။ ၁၉၅၉ ခုနှစ် တိဗက်လူထုအုံကြွမှုတွင် တိဗက်ဒေသခံများနှင့် တရုတ်တပ်ဖွဲ့များအကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

၁၄ ဆက်မြောက် ဒလိုင်းလားမားသည် တရုတ်အုပ်ချုပ်မှုအပေါ်ဆန့်ကျင်မှုမအောင်မမြင်ဖြစ်ပြီးနောက် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့ကာ အဝေးရောက်အစိုးရတစ်ရပ်ကို ထူထောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly