တရုတ်အစိုးရက ကုန်သွယ်မှု ဆက်လက်လုပ်ဆောင်ရန် ဖိအားပေး နေသော်လည်း တရုတ်ကုမ္ပဏီများ ရုရှားတွင် လုပ်င န်းများကို ရပ်ဆိုင်း

တရုတ်အစိုးရက ကုန်သွယ်မှု ဆက်လက်လုပ်ဆောင်ရန် ဖိအားပေး နေသော်လည်း တရုတ်ကုမ္ပဏီများ ရုရှားတွင် လုပ်င န်းများကို ရပ်ဆိုင်း

တရုတ်အာဏာပိုင်များက ရုရှားဈေးကွက်တွင် ကုမ္ပဏီများ ဆက်လက်ကုန်သွယ်မှုပြုလုပ်ရန် ဖိအားပေး နေသော်လည်း တရုတ်ကုမ္ပဏီများဖြစ်သော DiDiChuxing နှင့် ဟောင်ကောင်အခြေစိုက် Lenovo တို့သည် ရုရှားတွင် လုပ်ငန်းများကို ရပ်ဆိုင်းထားမည်ဟု ကြေညာလိုက်သည်။

ကုမ္ပဏီများအနေဖြင့် ရုရှားဈေးကွက်နှင့် စီးပွားရေး ဆက်ဆံမှုကို ဆက်လက်လုပ်ဆောင်ပါက ယင်းတို့အပေါ် ပိတ်ဆို့အရေးယူမှုများလည်း ချမှတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည့် တရုတ်နည်းပညာကုမ္ပဏီများထံ ပေးပို့ခဲ့သည့် အမေရိ ကန်၏ သတိပေးချက်နောက်ပိုင်းတွင် ယင်းကုမ္ပဏီများက ယခုကဲ့သို့ ဆုံးဖြတ်လိုက် ခြင်းဖြစ်သည်။

ယင်းသို့ ဖြစ်ပျက်နေချိန်တွင် တရုတ်၏ အကြီးဆုံးချစ်ပ်ထုတ်လုပ်ငန်း တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့် နိုင်ငံတကာကော်ပိုရေးရှင်း (SMIC) သည် ယင်း၏ လက်ကျန်ရှင်းတမ်းတွင် မည်သည့်အန္တရာယ်ကိုမှ မလိုလား သောကြောင့် ရုရှားတွင် ယင်း၏လုပ်ငန်းကို ယခင်အတိုင်း ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

တရုတ်က ဘဏ္ဍာရေးအကျပ်အတည်းအတွင်း ရုရှားကိုကူညီနိုင်သော်လည်း ရုရှားနှင့် ကုန်သွယ်မှုပြုသည့်မည် သည့် နိုင်ငံကိုမဆို အရေးယူပိတ်ဆို့မှုများ ချမှတ်နိုင်ကြောင်း တရုတ်ကို ခြိမ်းခြောက်ခဲ့သည်ဟု အမေရိကန် အခြေစိုက် ပညာရှင်အဖွဲ့ဖြစ်သော နိုင်ငံခြားရေးမူဝါဒသုတေသနဌာနက ထုတ်ပြန်ခဲ့သည်။

အကြမ်းဖျင်းခန့်မှန်းချက်အရ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုသည် စီးပွားရေးကျဆင်းနေပြီဖြစ်သော တရုတ် စီးပွားရေးအပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး ကပ်ရောဂါအခြေအနေသည် ယင်း၏ စီးပွားရေးကို ပိုမိုထိခိုက်စေမည် ဖြစ်သည်။

ထို့ကြောင့် တရုတ်က ရုရှားကို ကူညီမည်ဟု ထင်ကြေးပေးနေပြီး ရုရှားအတွက်မူ တရုတ်သည် ဥရောပ သမဂ္ဂပြီးလျှင် ရုရှား၏ ထိပ်တန်းပို့ကုန်ဈေးကွက်ဖြစ်သောကြောင့် မျှော်လင့်ချက်ရောင်ခြည်ဟု ရှုမြင်နေကြောင်း The Singapore Post က ဖော်ပြခဲ့သည်။

ရုရှားက ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၉ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများ တရုတ်သို့ တင်ပို့ ခဲ့ပြီး ယင်းနှစ်တွင်ပင် တရုတ်က ရုရှားသို့ ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၆၈ ဘီလီယံကျော် တင်ပို့ခဲ့ကြောင်း တရုတ်အကောက်ခွန်အေဂျင်စီက ပြောကြားခဲ့သည်။

တရုတ်သည် အမေရိကန်၏ ညွှန်ကြားချက်ကို မလိုက်နာရန် ရွေးချယ်ခွင့်ရှိသော်လည်း အထူးသဖြင့် ထိုင်ဝမ် ရေလက်ကြားအရေးတွင် တရုတ်သည် ယင်းတို့၏ ပထဝီဝင်နိုင်ငံရေး အခြေအနေကို ရှင်းရှင်းလင်းလင်း သိထားပြီး ဖြစ်သဖြင့် တရုတ်သည် အမေရိကန်၏ ညွှန်ကြားချက်ကို လိုက်နာရမည်ဖြစ်ကာ ရုရှားကို ကယ်တင်ခြင်းဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ ဦးဆောင်သော ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်မည် မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly