တရုတ်နိုင်ငံထံမှ ချေးငွေများ လက်ခံရာတွင် သတိထားရန် နီပေါစီးပွားရေးပညာရှင်က အကြံပြု

တရုတ်နိုင်ငံထံမှ ချေးငွေများ လက်ခံရာတွင် သတိထားရန် နီပေါစီးပွားရေးပညာရှင်က အကြံပြု

နီပေါအခြေစိုက် စီးပွားရေးပညာရှင်တစ်ဦးက နိုင်ငံအနေဖြင့် တရုတ်အစိုးရထံမှ ချေးငွေလက်ခံရာတွင် အလွန်သတိထားသင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ၏ ခတ္တမန္ဒူခရီးစဉ်မတိုင်မီက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မတ်လ ၂၅ ရက်က ခတ္တမန္ဒူမြို့သို့ ရောက်ရှိခဲ့သည်။

"စီးပွားရေးအရ နီပေါဟာ သီရိလင်္ကာအဆင့်ကို မရောက်သေးပါဘူး။ငွေရေးကြေးရေး လုံခြုံမှုရှိအောင်လို့ ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခု စတင်ဖို့ ချေးငွေမတောင်းမီမှာ သေသေချာချာ စဉ်းစားသင့်ပါတယ်” ဟု နီပေါလ်စီးပွားရေးပညာရှင် ဘစ်ရှ်ဝမ်ဘာပါကူရယ်ကဆိုသည်။

သီရိလင်္ကာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ပါကူရယ်က နိုင်ငံအများအပြားသည် အခြားသော အကြီးစား စီမံကိန်းများဆောင်ရွက်ရန် တရုတ်နိုင်ငံ၏ ပံ့ပိုးကူညီမှုကို ရယူကြကြောင်း ပြောသည်။ ၎င်းက သီရိလင်္ကာဆိပ်ကမ်းကို ဥပမာပြလျက်တရုတ်နိုင်ငံသည် ချေးငွေအပေါ် အတိုးနှုန်းလျှော့ရန်နှင့် အချိန်ပိုပေးရန် တွန့်တိုနေပုံရသည်ဟု ဆိုသည်။

နီပေါသည် ပြီးခဲ့သည့် ၇လမှ ၈လအတွင်း တရုတ်နိုင်ငံသို့ ပို့ကုန်တိုးတက်မှုမှာ လျော့ကျသွားကြောင်း ပါကူရယ်ကဆိုသည်။

နီပေါ၏ ဦးစားပေးနှင့်နိုင်ငံခြားအကူအညီများ ရရှိနိုင်သည့် နိုင်ငံများနှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းဖြင့် နိုင်ငံခြားအကူအညီများ ရယူသင့်ကြောင်းလည်း ၎င်းက ဆိုသည်။

ပါကူရယ်ကတရုတ်ဘက်က နယ်စပ်ဂိတ်ကို အကန့်အသတ်မရှိ ပိတ်လိုက်ခြင်းကြောင့် ပို့ကုန်များ ရပ်ဆိုင်းသွားခြင်းအကြောင်းကိုလည်း ပြောဆိုခဲ့သည်ဟု Khabarhub သတင်းက ဖော်ပြသည်။ နယ်စပ်ဂိတ်များ ဖွင့်လှစ်ရေးကိစ္စကို နိုင်ငံရေးအရ ကိုင်တွယ်ဖြေရှင်းသင့်ကြောင်း၊ တရုတ်မှာလည်း အခြေအနေတချို့ရှိပြီး ထိုသတ်မှတ်ချက်အခြေအနေများသည် နီပေါနိုင်ငံ၏ အကျိုးစီးပွားအတွက်

ဖြစ်သင့်ကြောင်းနှင့် နီပေါအလိုရှိသည့်အရာကို တရုတ်က ရှင်းရှင်းလင်းလင်း နားလည်ထားရမည်ဟု ပါကူရယ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly