ကမ္ဘာ့ရေနေ့ကို တိဗက်အမျိုးသမီးများအသင်းက ကျင်းပ

ကမ္ဘာ့ရေနေ့ကို တိဗက်အမျိုးသမီးများအသင်းက ကျင်းပ

တိဗက်အမျိုးသမီးများအသင်း (TWA) သည် အိန္ဒိယရှိတောင်ကုန်းမြို့တော်ဒါရမ်ရှာလာတွင် မတ်လ၂၂ရက်က ‘ကမ္ဘာ့ရေနေ့’ ကိုကျင်းပခဲ့ကြသည်။

အသင်းဝင်များက မြေအောက်ရေအကြောင်း အသိပညာဖြန့်ဝေမည့်ပွဲတစ်ခုကို စီစဉ်ကျင်းပခဲ့ပြီး တရုတ်သည် တိဗက်၏ ရေအရင်းအမြစ်များကို ညစ်ညမ်းအောင်ပြုလုပ်နေသည်ဟုစွပ်စွဲခဲ့သည်။ အဆိုပါပွဲကို တိဗက်အမျိုးသမီးများ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံခြားသားအနည်းငယ် တက်ရောက်ခဲ့ကြသည်။

ပတ်ဝန်းကျင်ဆိုင်ရာအရာရှိကြီးဝမ်မိုက “ဒီနေ့ဟာ ကမ္ဘာ့ရေနေ့ဖြစ်ပါတယ်။ တိဗက်အမျိုးသမီးများ အသင်းဟာ လှုပ်ရှားမှုတွေ အသိပညာပေးမှုတွေပြုလုပ်ပြီး ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ပွဲအများစုကို အမြဲကျင်းပကြပါတယ်။ တိဗက်ရဲ့မြစ်တွေက တိဗက်လူမျိုးတွေအတွက်သာမက မြစ်အောက်ပိုင်းက လူတွေအတွက်ပါ အရေးကြီးပါတယ်” ဟုဆိုသည်။

TWA မှစီမံကိန်းအရာရှိတန်ဇင်းက “တိဗက်လူမျိုးတွေအတွက်သာမက တစ်ကမ္ဘာလုံးတွက်စိုးရိမ်စရာကိစ္စပါ။ တရုတ်ကရေစထွက်တဲ့အရင်းအမြစ်နေရာကိုညစ်ညမ်းအောင်လုပ်နေတာပါ။အဲဒီပြဿနာအပေါ်အလေးထားရပါမယ်။

“ရေကမရှိမဖြစ်လိုအပ်တယ်ဆိုတာလူတိုင်းနားလည်ဖို့လိုအပ်ပြီးတရုတ်ကရေအရင်းအမြစ်တွေကိုညစ်ညမ်းအောင်လုပ်နေတယ်ဆိုတာကိုကမ္ဘာနိုင်ငံတွေသိသင့်ပါတယ်။အခုအချိန်မှာအရေးတယူမလုပ်ရင်မကြာခင်မြစ်တွေတိမ်ကောသွားပါလိမ့်မယ်” ဟုတန်ဇင်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly