တရုတ်က ဖိအားပေးသော်လည်း မဟာမိတ်များက ထိုင်ဝမ်တွင် ရင်းနှီးမြှုပ်နှံရန် မစိုးရိမ်

တရုတ်က ဖိအားပေးသော်လည်း မဟာမိတ်များက ထိုင်ဝမ်တွင် ရင်းနှီးမြှုပ်နှံရန် မစိုးရိမ်

တရုတ်က ဖိအားပေးသော်လည်း မဟာမိတ်များက ထိုင်ဝမ်တွင် ရင်းနှီးမြှုပ်နှံရန် မကြောက်ကြသလို တရုတ်၏ စီးပွားရေးဖိအားကို လက်တုံ့ပြန်သည့်အနေဖြင့် ကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက်၍ ထိုင်ဝမ်၏ ပထမဆုံး တုံ့ပြန်ချက်မှာ လစ်သူယေးနီးယားမှ ရမ်အရက် ဖြစ်လာသည်။

ထိုင်ဝမ်သို့ လမ်းကြောင်းပြောင်းကာ ရမ်ပုလင်းပေါင်း ၂၀ ၄၀ဝ ကို တိုးမြှင့်အသုံးပြုရန် ကြိုးပမ်းမှုတွင် ထိုင်ဝမ် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကောင်စီသည် မကြာသေးမီက "dark 'n' stormy" ကော့တေးများ၊ ပေါင်မုန့်မီးကင် နှင့် အမဲသားများ ချက်နည်းပြုတ်နည်းအကြောင်းကို ဖေ့ဘွတ်ခ်တွင် တင်ခဲ့ကြောင်း ဥရောပသတင်းများက ဖော်ပြခဲ့ သည်။

ထိုင်ဝမ်၏ လှုပ်ရှားမှုသည် ထိုင်ဝမ်သားများအား ကော့တေးနှင့် ဟင်းချက်နည်းအသစ်များကို စမ်းသပ်ရန် အားပေးနေသော်လည်း၊ ယင်းသည် နိုင်ငံတကာကုန်သွယ်မှုတွင် မိတ်ဖက်များနှင့် လုပ်ဖော်ကိုင်ဖက်များ အတွက် စွန့်စားစီမံခန့်ခွဲရေးနည်းလမ်းတစ်ခုဖြစ်သည်။

သံတမန်ရေးဆက်ဆံရေးအချင်းပွားမှု မဖြစ်ပွားခင် လစ်သူယေးနီးယားနိုင်ငံမှ တရုတ်သို့ ရမ်ကို အခြား ပစ္စည်းများနှင့်အတူ ပေးပို့ရန် စီစဉ်ထားသည်။

လစ်သူယေးနီးယား တာဝန်ရှိသူများက ဗီးနပ်စ်မြို့တွင် သံရုံးတစ်ခုကဲ့သို့ လုပ်ငန်းများလုပ်ဆောင်သည့် ထိုင်ဝမ်ကိုယ် စားလှယ်ရုံး ဖွင့်ခွင့်ပြုကြောင်း ကြေညာသောအခါ လစ်သူယေးနီးယား-တရုတ် ဆက်ဆံရေးသည် သိသိသာသာ ဆိုးရွားလာခဲ့သည်။

လစ်သူယေးနီးယားရမ်ကဲ့သို့သော ကုန်ပစ္စည်းများကို သပိတ်မှောက်မှုများသည် တရုတ်စီးပွားရေးမူဝါဒတွင် အထူးအဆန်းမဟုတ်ပေ။

အခြားနိုင်ငံများ၏ အမျိုးမျိုးသော လုပ်ရပ်များကို တုံ့ပြန်ရာတွင် စီးပွားရေးဖိအားများ အထူးသဖြင့် ကုန်သွယ် ရေး သပိတ်မှောက်မှုများကို ပြစ်ဒဏ်အဖြစ် တရုတ်က အသုံးပြုခဲ့ကြောင်း European Times က ဖော်ပြခဲ့သည်။

၂၀၁၇ခုနှစ်တွင် တရုတ်သည် တောင်ကိုရီးယား၏ ယဉ်ကျေးမှုပစ္စည်းများနှင့် ဆိုင်များကို သပိတ်မှောက်ခြင်းဖြင့် အမေရိကန်လုပ် ဒုံးကျည်ကာကွယ်ရေးစနစ် တည်ဆောက်မှုအတွက် လက်တုံ့ပြန်ခဲ့ကြောင်း European Times က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly