ရုရှား-ယူကရိန်းစစ်ပွဲ ဖြစ်နေချိန်တွင် ထိုင်ဝမ်က တရုတ်ကို သတိထားစောင့်ကြည့်နေ

ရုရှား-ယူကရိန်းစစ်ပွဲ ဖြစ်နေချိန်တွင် ထိုင်ဝမ်က တရုတ်ကို သတိထားစောင့်ကြည့်နေ

ယူကရိန်းကို ရုရှားက ကျူးကျော်သကဲ့သို့ ထိုင်ဝမ်ကို အင်အားသုံးကာ တရုတ်က ကျူးကျော်နိုင်သဖြင့် ထိုင်ဝမ်တွင် စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်လာခဲ့သည်။

တရုတ်သည် ထိုင်ဝမ်လေကြောင်းရန် ကာကွယ်ရေး သတ်မှတ်ဇုန်သို့ နေ့စဉ်နီးပါး စစ်လေ ယာဉ်များ စေလွှတ်လျက် ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

တစ်ဖက်တွင် ထိုင်ဝမ်မှ မြေပြင်သတင်းများအရ ယူကရိန်းအပေါ် ရုရှားက ကျူးကျော်မှုသည် ထိုင်ဝမ်အတွက် သတိပေးနှိုဆော်ချက်တစ်ခုဖြစ်ကြောင်း HK Post က ဖော်ပြခဲ့သည်။

ထိုင်ဝမ်ပြည်သူများသည် ရုရှားတပ်ဖွဲ့များ၏ ချီတက်မှုကို ထိထိရောက်ရောက် တားဆီးရန် ပြည်သူများ အသုံးပြုသည့် Javelin တင့်ကားဖျက်ဒုံးကျည်များနှင့် Stinger ပခုံးထမ်းဒုံးလက်နက်များ၏ ထိရောက်မှုကို ပိုမိုစိတ်ဝင်စားလာသည်ဟု Financial Times က ဖော်ပြခဲ့သည်။

ထိုင်ဝမ်တွင် စစ်ရေးလေ့ကျင့်မှုများစွာကိုလည်း ပြုလုပ်နေသည်ဟု ဂျာမန်ရုပ်သံလွှင့်ဌာန DW က ဖော်ပြခဲ့သည်။

ယူကရိန်းအခြေအနေကို စံနမူနယူလျက် သမ္မတ စိုင်းအမ်ဝမ်က ထိုင်ဝမ်အား နိုင်ငံတကာ၏ စည်းလုံး ညီညွတ်မှုနှင့် အကူအညီပေးမှုများအပြင် ပြည်သူများ၏ စည်းလုံးညီညွတ်မှုအပေါ် မူတည်ကြောင်း အလေးပေး ပြောကြားခဲ့သည်ဟု HK Post သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ်သည် တပ်ဖွဲ့ဝင်များ၏ စစ်ရေးအဆင်သင့်ဖြစ်မှုကို စမ်းသပ်ရန်ပြင်ဆင်နေသည်။ စစ်ဘက်ဆိုင်ရာ အရန်တပ်များအတွက် ပြင်းထန်သော လေ့ကျင့်မှု အစီအစဉ်သစ်ကို ဖော်ဆောင်ခဲ့သည်။

အရန်တပ်ဖွဲ့များသည် အခြေခံတိုက်ခိုက်ရေးစွမ်းရည်ရှိစေရန်အတွက် တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်နေသည်။ အရန်တပ်သား ၁၅,ဝဝဝ ခန့်သည် တပ်ရင်း ၂၄ ရင်းတွင် ပါဝင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly