စစ်ကောင်စီတပ်ကိုထောက်ခံသူ ရွှေရူပါဦးနှင့် အနုပညာရှင်အချို့ စီးနင်းလာသည့်ရထား မိုင်းခွဲခံရ

စစ်ကောင်စီတပ်ကိုထောက်ခံသူ ရွှေရူပါဦးနှင့် အနုပညာရှင်အချို့ စီးနင်းလာသည့်ရထား မိုင်းခွဲခံရ

မတ်လ ၂၉ ရက်

စစ်ကောင်စီတပ်ကို ထောက်ခံသူ ရွှေရူပါဦးနှင့် အနုပညာရှင်အချို့စီးနင်းလာသည့်ရထား ယနေ့ မတ် ၂၉ ရက်တွင် မိုင်းခွဲခံရကြောင်း သိရသည်။

အနုပညာရှင်များလိုက်ပါလာသည့် မီးရထားစက်ခေါင်းအမှတ် DF – 2078 ရထားအမှတ် DDUEZ 12370 မှာ ဂုတ်ထိပ်တံတားမှ ထွက်ခွာလာစဥ် ဂန့်ဂေါနှင့် ဆင်လမ်းစုကျေးရွာအကြားသို့ ရောက်ရှိစဉ် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်တွင် မိုင်းခွဲခံရခြင်းဖြစ်သည်။

"ရွှေရူပါဦးပါတယ်။ ဒေါ်နွဲ့နွဲ့စန်းပါတယ်။ တချို့အနုပညာရှင်တွေလည်းပါတယ်။ သေတော့မသေပါဘူး။ ရထားပဲပျက်စီးတာ" ဟု တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မိုင်းခွဲခံရမှုကြောင့် ရထား၏ကြမ်းခင်းအချို့ ပွင့်ထွက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly