နှင်းမုန်တိုင်းကြောင့် တောင်ကိုရီးယားအပမ်းဖြေကျွန်း ဂျေဂျူးတွင် လူ ၈၆,၀၀၀ သောင်တင်နေ

နှင်းမုန်တိုင်းကြောင့် တောင်ကိုရီးယားအပမ်းဖြေကျွန်း ဂျေဂျူးတွင် လူ ၈၆,၀၀၀ သောင်တင်နေ

ဆိုးလ်၊ ဇန်နဝါရီ ၂၅ ။              ။ ဆက်တက်တတိယမြောက်နေ့အဖြစ် နှစ်ပေါင်းသုံးဆယ်အတွင်း အကြီးမားဆုံးနှင်းများကျဆင်းမှုကြောင့် လေဆိပ်ကို ပိတ်လိုက်ရပြီးနောက် ဇန်နဝါရီ ၂၅ က တောင်ကိုရီးယား၏ အပမ်းခြေကျွန်းဂျေဂျူးတွင် လူ ၈၆,၀၀၀ခန့် သောင်တင်နေသည်။

ကမ်းခြေများနှင့် နွေးထွေးသည့်ရာသီဥတုကြောင့် တောင်ကိုရီးယား၏ ဟာဝိုင်အီအဖြစ် တင်စားခံရသော ဂျေဂျူးသည် နိုင်ငံတစ်ဝန်း စံချိန်တင် အပူချိန်ကျဆင်းမှုဖြစ်ပေါ်စေခဲ့သည့် သီတင်းတစ်ပတ်ကြာ အအေးလှိုင်းရိုက်ခတ်မှုဒဏ်ကို အဆိုးဆုံးခံခဲ့ရသည်။

လူကြိုက်များသော အားလပ်ရက်အပမ်းခြေနေရာဖြစ်သော ဂျေဂျူးတွင် နှစ်ပေါင်း ၃၀ အတွင်း ဇန်နဝါရီ ၂၃ နောက်ပိုင်း အကြီးမားဆုံးနှင်းကျဆင်းမှုဖြစ်ပေါ်ခဲ့ကာ အပူချိန်မှာ အနုတ် ၆ဒသမ၁ဒီဂရီစင်တီ ဂရိတ်သို့ ထိုးစိုက်ကျဆင်းခဲ့သည်။

နှင်းများအကြီးအကျယ်ကျဆင်းကာ လေပြင်းများတိုက်ခတ်မှုကြောင့် ဇန်နဝါရီ ၂၅ ည ၈ နာရီအထိ ဂျေဂျူးနိုင်ငံတကာလေဆိပ်ကို ပိတ်ထားမည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဋ္ဌာနက ကြေညာ ခဲ့သည်။ သီတင်းပတ်ကုန်အတွင်း ပျံသန်းမှု ၁,၁၀၀နီးပါးကို ဖျက်သိမ်းခဲ့ပြီး စိတ်ပျက်နေသော ခရီးသည် ၈၆,၀၀၀ခန့်မှာ ကျွန်းပေါ်တွင် သောင်တင်လျက်ရှိသည်ဟု ဝန်ကြီးဋ္ဌာနအရာရှိတစ်ဦးက ပြောသည်။

လူထောင်ပေါင်းများစွာမှာ အအေးဒဏ်ကို ဖြစ်သလိုကာကွယ်ရင်း လေဆိပ်တွင် ညအိပ်ခဲ့ရသည်။ မြို့တော်ဆိုးလ်တွင် နှင်းများမကျခဲ့သော်လည်း ဇန်နဝါရီ ၂၄က ၁၅နှစ်အတွင်း အအေးဆုံးနေ့အဖြစ် စံချိန်တင်ရောက်ရှိခဲ့ပြီး အပူချိန်မှာ အနုတ် ၁၈ဒီဂရီစင်တီဂရိတ်သို့ ကျဆင်းခဲ့သည်။

ဇန်နဝါရီ ၂၃က ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆိုးလ်တွင် အအေးလှိုင်းတစ်ခုကျရောက်မည်ဟု နိုင်ငံတော်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly