ယူကရိန်း တိုက်ပွဲများတွင် မပါဝင်ကြရန် နိုင်ငံသားများအား အီးယူ ၇ နိုင်ငံ တိုက်တွန်း 

ယူကရိန်း တိုက်ပွဲများတွင် မပါဝင်ကြရန် နိုင်ငံသားများအား အီးယူ ၇ နိုင်ငံ တိုက်တွန်း 
Photo - AFP

မတ် ၂၉

ရုရှ၏ ကျူးကျော်ရေး တပ်ဖွဲ့ဝင်များအား ရင်ဆိုင်တိုက်ခိုက်နေသည့် ယူကရိန်းစစ်တပ်၏ ခုခံတော်လှန်ခြင်းတွင် ပူးပေါင်းပါဝင်ခြင်းအား ရှောင်ရှားကြရန် ဥရောပသမဂ္ဂ အီးယူ ၇ နိုင်ငံက ၎င်းတို့၏ နိုင်ငံသားများအား တနင်္လာနေ့တွင် တိုက်တွန်းသည်။ 

အထက်ပါ မေတ္တာရပ်ခံချက်ကို ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ စပိန်၊ အီတလီ၊ လူဇင်ဘတ်နှင့် ဘယ်လ်ဂျီယမ်နိုင်ငံ တရားဥပဒေရေးရာ ဝန်ကြီးများက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

ယခု ၇ နိုင်ငံ ဝန်ကြီးများအနေဖြင့် ယူကတရိန်းစစ်ပွဲသို့ ဦးတည်သည့် ကိုယ်ဆန္ဒအလျောက် တိုက်ပွဲဝင်လိုသော ဥရောပသားများကို တညီတညွတ်တည်း ဟန့်တားပါကြောင်း ဘရပ်ဆဲလ်တွင် ပြုလုပ်သော ၎င်းတို့၏ အစည်းအဝေးအပြီး ထုတ်ပြန်ချက်အရ သိရသည်။ 

ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှတပ်ဖွဲ့ဝင်များ ကျူးကျော်လာသည့်နောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ယူကရိန်းပြည်သူများနှင့်အတူ ယှဉ်တွဲ၍ တိုက်ပွဲဝင်နိုင်မည့် “နိုင်ငံတကာဒေသ” တစ်စိတ်တစ်ပိုင်းအရ သူ၏ နိုင်ငံအား ကူညီရန် နိုင်ငံခြားသားများကို အများသိ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ ဇယ်လန်စကီး၏ ဆင့်ခေါ်ချက်အရ ယူကရိန်းသို့  တိုက်ပွဲဝင်ရန် ရောက်ရှိသည့် နိုင်ငံခြားသားဦးရေသည် မတ် ၆ ရက်အထိ ၂၀၀၀၀ နီးပါးရှိကြောင်း ယူကရိန်းက ပြောသည်။ 

“စစ်ပွဲဇုန်ဆီ သွားရောက်မယ့်သူတွေကို ကျွန်တော်တို့ ထင်သာမြင်သာပဲ ဟန့်တားပါတယ်”ဟု ဘရပ်ဆဲလ်တွင် အဆင့်တူ ဝန်ကြီးများနှင့် တွေ့ဆုံစည်းဝေးပြီးနောက် ပြင်သစ် ပြည်ထဲရေး ဝန်ကြီး ဂျာရယ်လ် ဒါမန်နင်းက ပြောသည်။ 

“ကျွန်တော် သိသလောက်တော့ ပြင်သစ်ကနေ သွားရောက်သူတွေက အင်မတန် နည်းပါတယ်၊ မရှိသလောက် နီးပါးပဲ”ဟု ၎င်းက ပြောသည်။ ပြင်သစ်နိုင်ငံသည် အဖွဲ့ဝင် ၂၇ နိုင်ငံပါ အီးယူ၏ လက်ရှိဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခြင်း ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly