ဟားခါးတွင် စစ်ရဟတ်ယာဉ်ပျက်ကျ

ဟားခါးတွင် စစ်ရဟတ်ယာဉ်ပျက်ကျ
ဓာတ်ပုံ- ရဟတ်ယာဉ်ပျက်ကျသွားသောနေရာကို အဝေးမှမြင်ရစဉ်

မတ် ၂၉

ချင်းပြည်နယ် ဟားခါးမြို့ပေါ်ရှိ ကျော်ဘုတ်ရပ်ကွက်နဲ့ ၂၆၆ တပ်စခန်းအနီးရှိ ရုန်းတောင်အကြား ထင်းရှုးတောထဲတွင် ယနေ့ (မတ်လ ၂၉)ရက်နေ့ နံနက် ၉နာရီခွဲဝန်းကျင်တွင်စစ်ရဟတ်ယာဉ်တစ် စီးမီးခိုးထွက်ပြီးပျက်ကျသွားကြောင်း ဒေသခံများကပြောသည်။

''ကျွန်တော်တို့ ဂန့်ဂေါ်ဘက်သွားတဲ့နေရာ ကျောဘုတ်ရက်ကွက်ကနေမြင်လိုက်ရတာတော့ ရဟတ်ယာဉ်တစ်စီးက မီးခိုးတွေအူပြီးထိုးဆင်းသွားတာတွေ့လိုက်ရတယ်၊ဘာဖြစ်တာလဲတော့အသေးစိတ်မသိကြဘူး၊စစ်သားတွေကတော့ ရဟတ်ယာဉ်ထိုးဆင်းသွားတဲ့နေရာဘက်ကိုပြေးသွားကြတာတော့တွေ့နေရတယ်''ဟု ဒေသခံတစ်ဦးကပြောသည်။

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦးနှင့် အရပ်ဘက်ပညာရေးဝန်ထမ်းသုံးဦးသေဆုံးသည်ဟု သတင်းထွက်ပေါ်သည်။ သီးခြားအတည်ပြုချက်မရနိုင်သေးပါ။

ရဟတ်ယာဉ်ပျက်ကို ပြန်လည်သယ်ဆောင်ရေး စစ်ကောင်စီတပ်ကလုပ်ဆောင်နေသည်ဟုလည်း ဒေသခံများကပြောသည်။

ချင်းပြည်နယ်တွင်ဒေသခံကာကွယ်ရေးတပ်များနှင့်စစ်ကောင်စီတို့အကြားတိုက်ပွဲများကြောင့် ကုန်လမ်းကိုမသွားနိုင်ပဲ အစိုးရကိစ္စများ၊ရုံးလုပ်ငန်းများနှင့်ဝန်ထမ်းများသွားလာရေးကိုစစ်ကောင်စီတပ်မှရဟတ်ယာဉ်ဖြင့်စီစဉ်ပေးထားရှိသည်ဟုလည်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly