အိန္ဒိယသည် ၄ နိုင်ငံ Quad အုပ်စုတွင် အရေးပါသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် အမေရိကန်သတ်မှတ်

အိန္ဒိယသည် ၄ နိုင်ငံ Quad အုပ်စုတွင် အရေးပါသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် အမေရိကန်သတ်မှတ်

အိန္ဒိယအစိုးရအနေဖြင့် ရုရှားနှင့် ဆက်ဆံရေး ရှိနေသော်လည်း လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသတွင် တူညီသောအမြင်ရှိခြင်းကြောင့် အမေရိကန်အတွက် အမှန်တကယ်လိုအပ်သော မိတ်ဆွေနိုင်ငံဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးထာန ပြောခွင့်ရအရာရှိ နက်ဒ်ပရိုက်စ်က မတ် ၂၃ ရက်တွင် ပြောကြားလိုက်သည်။

အိန္ဒိယ၏ ရုရှားနှင့်ပတ်သက်၍ ရပ်တည်ချက်အ‌ပေါ် Quad အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားအမြင်အား မေးမြန်းရာတွင် ပရိုက်စ်က “အိန္ဒိယဟာ အမြင်တူသလို လွတ်လပ်ပြီးပွင့်လင်းတဲ့ အာရှ-ပစိဖိတ်ဒေသမှာ တူညီတဲ့ တန်ဖိုးထားမှုတွေ ရှိတာကြောင့် ကျွန်တော်တို့ရဲ့ မိတ်ဆွေ အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ ကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍတွေမှာ အဲဒီဆက်ဆံရေးကို အလေးထားပါတယ်” ဟု ပြောကြားသည်။

“သမ္မတရော၊ နိုင်ငံခြားရေးဝန်ကြီးကပါ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်စေရေးကို ထပ်မံ အတည်ပြုပါတယ်။ နိုင်ငံအားလုံးရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားပြီး နို်ငငံတွေဟာ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးအရ အနိုင်ကျင့်မှုတွေကနေ ကင်းလွတ်ရပါမယ်။ ဒါဟာ မတ် ၃ ရက်က ခေါင်းဆောင်တွေ ရဲ့ ထုတ်ပြန်ချက်ကနေ အခြေခံထွက်ပေါ်လာတာပါ။ ဒါဟာ Quad အဖွဲ့ဝင်နို်ငငံတွေရဲ့ မူဝါဒလမ်းစဉ်တွေဖြစ်ပြီး ဒေသတွင်း တည်ငြိမ်လုံခြုံရေးအတွက် Quad ဟာ လုပ်ငန်းစဉ်တစ်ရပ် ဖြစ်တယ်ဆိုတာ သက်ဆိုင်ရာနိုင်ငံတွေက အတည်ပြုထားပြီး ဖြစ်ပါတယ်”

Quad ၏အခြား အဖွဲ့ဝင်နိုင်ငံများဖြစ်သော အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတို့က ရုရှားလုပ်ငန်းအဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သော်လည်း အိန္ဒိယက မလုပ်ဆောင်ခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly