တရုတ်က သီရိလင်္ကာ၏ စီးပွားရေးအကျပ်အတည်းကို မသိကျိုးကျွံပြုနေ

တရုတ်က သီရိလင်္ကာ၏ စီးပွားရေးအကျပ်အတည်းကို မသိကျိုးကျွံပြုနေ

သီရိလင်္ကာ၏ ခရီးသွားကဏ္ဍကို ဆိုးရွားစွာထိခိုက်စေသော ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် ရင်ဆိုင်နေရချိန်တွင် ယင်း ၏ ကြီးမားသော တရုတ်ကြွေးမြီဝန်ထုပ်ဝန်ပိုးကို ပြန်ဆပ်ရမည့်အချိန်ကို ပြန်လည်ပြင်ဆင်ပေးရန် သီရိလင်္ကာ၏ တောင်းဆိုချက်အား တရုတ်က ငြင်းဆိုထားသည်။

ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးအကျပ်အတည်းကို လျော့ပါးစေရန် ကြွေးမြီပြန်ဆပ်ရ မည့်အချိန်ကို ပြန်လည်ညှိနှိုင်းပြင်ဆင်ပေးရန် သီရိလင်္ကာက တရုတ်ကို တောင်းဆိုခဲ့သည်။

သီရိလင်္ကာ သမ္မတ ဂိုတာဘာယာ ရာဂျာပတ်စ်ကာက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံရာတွင် သီရိလင်္ကာ၏ နက်ရှိုင်းသော နိုင်ငံခြားငွေအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ပြင်ပကြွေးမြီများ တိုးပွားလာနေသည့်အတွက် တရုတ်၏ အကူအညီကို တောင်းခံခဲ့ခြင်းဖြစ်သည်။

ကြွေးမြီသက်သာခွင့်အတွက် သီရိလင်္ကာ၏ တောင်းဆိုချက်ကို ဆိုင်းငံ့ထားသော မေးခွန်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက မတ်လ သတင်းစာရှင်းလင်းပွဲတစ်ခု တွင် တရုတ်နိုင်ငံသည် သီရိလင်္ကာ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်းဆုံး အကူအညီများ ပေးအပ်ခဲ့ကြောင်းနှင့် ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပြောဆိုခြင်းသည် ယုတ္တိမရှိကြောင်း ဟောင်ကောင်ပို့စ်သတင်းတွင် ဖော်ပြခဲ့သည်။

တရုတ်၏ ပိုးလမ်းမသစ် စီမံကိန်းများတွင် ပါဝင်ပြီးနောက် စံချိန်တင် ငွေကြေးဖောင်းပွမှု၊ အစားအစာဈေးနှုန်း မြင့်တက်မှုနှင့် လူများ ဒုက္ခပင်လယ်ဝေနေရကာ အကြွေးနွံနစ်နေသော သီရိလင်္ကာ၏ စီးပွားရေးအတွက် တရုတ်က ကူညီချင်ယောင်ဆောင်နေကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းကျဆင်းခဲ့ရခြင်းနှင့်အတူ ချေးငွေဝန်ထုပ်ဝန်ပိုးကြီးအောက်တွင် ယိမ်းယိုင်နေပြီးဖြစ်သော သီရိလင်္ကာ၏ စီးပွားရေးဖွဲ့စည်းပုံမှာ ပြိုလဲသွားခဲ့သည်။

သီရိလင်္ကာ၏ ကြွေးမြီများတွင် အများအားဖြင့် တရုတ်ကို ပေးရမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈ ဘီလီယံနီးပါး ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly