မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် မင်္ဂလာဆောင်က ပြန်လာသည့်ကား ပစ်ခတ်ခံရ၊ သေဆုံးသူရှိ

By ကိုရွှေမြိတ်
28 March 2022
မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် မင်္ဂလာဆောင်က ပြန်လာသည့်ကား ပစ်ခတ်ခံရ၊ သေဆုံးသူရှိ

မဲဆောက်၊ မတ်လ၊ ၂၈

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် မတ်လ ၂၈ ရက် နံနက်က မင်္ဂလာဆောင်မှ ပြန်လာသည့် အရပ်သား ကားတစ်စီး ပစ်ခတ်ခံခဲ့ရ၍ ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း ပုလဲဖြူလူမှုကယ်ဆယ်ရေး အဖွဲ့ထံက သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ယာဉ်မှာ Probox အမျိုးအစား ဖြစ်ပြီး မြဝတီ-ကော့ကရိတ် အာရှ လမ်းမကြီးပေါ်ရှိ ယာယီ ဘေလီ တံတား အနီးတွင် ပစ်ခတ်ခံခဲ့ရသည်ဟု ပုလဲဖြူ လူမှုကယ်ဆယ်ရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြော သည်။

ပုလဲဖြူ လူမှုကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ဦးက" သေဆုံးသွားတဲ့ လူက အမျိုးသား တစ်ဦးပါ ။ သူက မော်လမြိုင်ကပါ။ မြဝတီ မင်္ဂလာဆောင်ကနေ ပြန်လာတဲ့ အချိန်မှာ ပစ်ခတ်ခံခဲ့ရတာ"ဟု ပြောသည်။

အဆိုပါ ယာဉ်ပေါ်တွင် ကားမောင်းသူ အပါအဝင် ငါးဦး စီးနင်း လိုက်ပါလာခဲ့ကာ တစ်ဦးမှာ သေနတ် ထိမှန် သေဆုံးပြီး ကျန်လေးဦးမှာ ထိခိုက်မှု မရှိကြောင်း အထက်ပါ ပရဟိတအဖွဲ့ထံမှ သိရ သည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင် ကရင်အမျိုးသားစည်းရုံး (KNU) အမှတ် (၆) တပ်မဟာက ယင်းလမ်းပိုင်းကို ပြည်သူလူထုများ အနေဖြင့် ဖြတ်သန်း သွားလာခြင်း မပြုရန် သတိပေး စာထုတ်ပြန်ထားသည်။

#Mizzima

#ကရင်ပြည်နယ်

#မြဝတီ-ကော့ကရိတ်

#ပစ်ခတ်ခံရ

#ပုလဲဖြူလူမှုကယ်ဆယ်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required