နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကွာရန်တင်းဝင်နေရ၊ တရားရုံးချိန်းမလာရောက်နိုင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကွာရန်တင်းဝင်နေရ၊ တရားရုံးချိန်းမလာရောက်နိုင်

မတ် ၂၈

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူအချို့တွင် COVID-19 ကူးစက်မှုဖြစ်ပွားသဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာ ကွာရန်တင်းဝင်နေရသည်ဟု တရားရုံးနှင့်နီးစပ်သူတစ်ဦးအပြောအရသိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ဖမ်းဆီးတရားစွဲဆိုခြင်းများခံနေရသော အသက် ၇၆ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ တနင်္လာနေ့တွင် တရားရုံးရုံးချိန်းထွက်ရမည်ဖြစ်သော်လည်း ကွာရန်တင်းဝင်ဖို့လိုသောကြောင့် ရုံးချိန်းကိုမလာရောက်နိင်ဘဲဖြစ်နေသည်။

ထို့အပြင် မနက်ဖြန်ရုံးချိန်းကိုလည်း လာရောက်နိုင်မှာမဟုတ်ဟု သိရသည်။

ထပ်မံသတင်းပေးပို့သွားပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required