အမေရိကန်နှင်းမုန်တိုင်း လူပေါင်း ၂၈ ဦးသေဆုံး

အမေရိကန်နှင်းမုန်တိုင်း လူပေါင်း ၂၈ ဦးသေဆုံး

နယူးယောက်၊ ဇန်နဝါရီ ၂၅ ။             ။ အမေရိကန်တွင် ဆိုးဝါးပြင်းထန်သည့် နှင်းမုန်တိုင်းကျရောက်၍ လူပေါင်း ၂၈ ဦးအထိသေဆုံးခဲ့သည်။

နှင်းများပြန်လည်ရှင်းလင်းခြင်းများ လုပ်ဆောင်လျက်ရှိပြီဖြစ်၍ နယူးယောက်မြို့တွင် ခရီးသွားလာခြင်းကို ပိတ်ပင်ထားခဲ့ခြင်းအား ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

အမေရိကန်၏ လူဦးရေအထူထပ်ဆုံး နယူးယောက်မြို့တွင် ၁၈၆၉ ခုနှစ်နောက်ပိုင်း ဒုတိယအကြီးဆုံး နှင်းကျဆင်းမှုကို ကြုံတွေ့ရခြင်းဖြစ်ကြောင်း မြို့တော်ဝန် ဘီလိဒီဘလာစီယိုက ပြောသည်။

ပြည်နယ်ငါးပြည်နယ်တွင် နှင်းကျဆင်းမှု သုံးပေနှင့် အထက်အထိ မြင့်တက်ခဲ့ကြောင်း အေပီသတင်းဌာနက ဖော်ပြပြီး သေဆုံးသူ အနည်းဆုံး ၂၈ ဦးရှိကြောင်း သိရသည်။

သေဆုံးမှုများမှာ ယာဉ်မတော်တဆမှုများ၊ ကာဗွန်မိုအောက်ဆိုက်ဓာတ်ငွေ့အဆိပ်သင့်မှုများနှင့် နှင်းမုန်တိုင်းကျစဉ် နှလုံးရောဂါအခံကြောင်း သေဆုံးမှုများဖြစ်ကြသည်။

အဆိုပါနှင်းမုန်တိုင်းသည် အတ္တလန္တိတ်သမုဒ္ဒရာသို့ ဦးတည်သွားပြီဖြစ်ကာ အားပျော့လျက်ရှိနေပြီလည်းဖြစ်သည်။

နှင်းမုန်တိုင်းဒဏ်ကို ပြည်သူပေါင်း ၈၅ သန်း ကြုံတွေ့ခဲ့ပြီး လျှပ်စစ်မီးပြတ်တောက်မှုကို လူပေါင်း သုံးသိန်းကျော် ရင်ဆိုင်နေရသည်။ တစ်ချို့နေရာများတွင် နှင်းကျဆင်းမှု ဆိုးဝါးပြီး အမြင့် ၄၂ လက်မအထိ ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly