ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်းဆောင် ပြန်လည်အရွေးချယ်ခံမည်

ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်းဆောင် ပြန်လည်အရွေးချယ်ခံမည်

ဟနွိုင်း၊ ဇန်နဝါရီ ၂၄ ။               ။ ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်းဆောင် ငုယင်ပုထောင်းက နိုင်ငံ၏ ထိပ်တန်းရာထူးဖြစ်သည့် ပါတီအကြီးအကဲအဖြစ် ပြန်လည်ရွေးချယ်ခံမည်ဖြစ်ကြောင်း ဗဟိုကော်မတီအဖွဲ့ဝင် ဗုထောင်းကမ်က ဌာနမီဒီယာနှင့် ဇန်နဝါရီ ၂၄ ရက်က အင်တာဗျူးရာတွင် အတည်ပြုဖြေကြားသည်။

လက်ရှိ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ငုယင်ချုအန်ဖုက ဝန်ကြီးချုပ်နေရာ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ထရန်ဒိုင်ကွမ်က သမ္မတနေရာနှင့် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ ငုယင်သီကမ်က အမျိုးသမီးလွှတ်တော် ဥက္ကဌနေရာများအတွက် အမည်စာရင်းတင်သွင်းထားကြောင်းလည်း ၎င်းက ပြောသည်။

ဝန်ကြီးချုပ်၊ သမ္မတနှင့် အမျိုးသားလွှတ်တော်ဥက္ကဌနေရာများအတွက် အမည်စာရင်းတင်သွင်းထားသူများကို ဇူလိုင်လတွင် အမျိုးသားလွှတ်တော်က အတည်ပြုမဲပေးရဦးမည်ဖြစ်သည်။

ပါတီ၏ အမြင့်ဆုံးအာဏာပိုင် ဗဟိုကော်မတီက ထောင်းအား ပြန်လည်ရွေးကောက်ခြင်းသည် ဝန်ကြီးချုပ်ဖြစ်သူ ငုယင်တန်ဒေါင်က အထွေထွေအတွင်းရေးမှူးအဖြစ်မှ နှုတ်ထွက်မည်ဆိုသော အစောပိုင်းက ထင်မြင်ယူဆချက်နှင့် တစ်ပြေးညီ ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

ယခုအမည်စာရင်းရွေးချယ်ခြင်းနှင့် မဲပေးခြင်းများက ရှုပ်ထွေးနေဆဲဖြစ်ပြီး ငုယင်တန်ဒေါင်အနေဖြင့် ယင်းထိပ်တန်းရာထူးနေရာအား ပြန်လည်ယူဖို့ အခွင့်အရေးရှိနေဆဲဖြစ်၍ ဖြစ်သည်။ သို့သော်လည်း ယင်းအခွင့်အရေးက တစ်ဖြည်းဖြည်း လျော့ပါးစပြုလာပြီဟုတော့ စောင့်ကြည့်လေ့လာသူများက ပြောသည်။

အသက် ၆၆ နှစ်အရွယ် ဒေါင်သည် စီးပွားရေးပြုပြင်ပြောင်းလဲရေးသမားတစ်ဦးအဖြစ် ရှုမြင်ခံရသူတစ်ဦးဖြစ်ကာ အသက် ၇၁ နှစ်ရှိနေပြီဖြစ်သည့် ငုယင်ပုထောင်းကမူ ပို၍ ရှေးရိုးစွဲဝါဒီဆန်သူတစ်ဦးအဖြစ် အသိအမှတ်ပြုခံရသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly