အစိုးရအရာရှိဟောင်းများနှင့် တက်ကြွလှုပ်ရှားသူများကို လက်တုံ့ပြန် သတ်ဖြတ်မည်ဟု တာလီဘန်တို့ ခြိမ်းခြောက်

အစိုးရအရာရှိဟောင်းများနှင့် တက်ကြွလှုပ်ရှားသူများကို လက်တုံ့ပြန် သတ်ဖြတ်မည်ဟု တာလီဘန်တို့ ခြိမ်းခြောက်

အာဖဂန်နစ္စတန်တွင် မကြာသေးခင်က တာလီဘန်တပ်မှူးများ အသတ်ခံရမှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ခြင်းကို တုံ့ပြန်သောအားဖြင့် ယခင်အစိုးရအရာရှိဟောင်းများနှင့်တက်ကြွလှုပ်ရှားသူများကို လက်တုံ့ပြန်သွားမည်ဟု ဟယ်လ်မန်းပြည်နယ်မှ တာလီဘန်အာဏာပိုင်တို့က ခြိမ်းခြောက်ထားကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က မတ်လ ၂၂ ရက်တွင် ပြောသည်။

ဟယ်လ်မန်းပြည်နယ်ရှိ တာလီဘန်တို့သည် ထောက်လှမ်းစောင့်ကြည့်မှုများကိုအရှိန်မြှင့်လုပ်ဆောင်နေပြီး တာလီဘန်အရာရှိများအပေါ် နောက်ထပ် တိုက်ခိုက်မှုများကို တုံ့ပြန်သောအားဖြင့် လက်တုံ့ပြန် လုပ်ဆောင်ချက်များ လုပ်သွားမည်ဖြစ်ကြောင်း သတိပေးထားသည်။

တရားဥပဒေ စိုးမိုးအာဏာတည်စေရေး အစီအမံတစ်ခုအဖြစ် လုပ်ဆောင်သည့် တိုက်ခိုက်မှုများမှလွဲပြီး အရပ်သားပြည်သူများအပေါ် လက်တုံ့ပြန်သတ်ဖြတ်မှုများကို နိုင်ငံတကာဥပဒေက တားမြစ်ပိတ်ပင်ထားသည်။

“ဟယ်လ်မန်း ပြည်နယ်က တာလီဘန်ခေါင်းဆောင်တွေအနေနဲ့ ဥပဒေနဲ့ မညီတဲ့ ပြစ်ဒဏ်ပေးမှုဆိုင်ရာ ခြိမ်းခြောက်မှုတွေလုပ်ရင်း တိုက်ခိုက်မှုတွေကို မတုံ့ပြန်သင့်ပါဘူး” ဟု HRW ၏ အာရှဆိုင်ရာ တွဲဖက်ညွှန်ကြားရေးမှူး ပက်ထရစ်ရှာ ဂေါ့စ်မန်းက ပြောသည်။

“တာလီဘန်အာဏာပိုင်တွေအနေနဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုတွေကို ကာကွယ်တားဆီးဖို့ လိုပါတယ်။ အမှုအခင်းတွေကို နည်းလမ်းကျတဲ့ ဥပဒေလုပ်ငန်းစဉ်တစ်ခုကနေတဆင့် ကိုင်တွယ်သွားရမှာဖြစ်ပါတယ်” ဟု ဂေါ့စ်မန်းက ပြောသည်။

ခရိုင်အဆင့်လယ်ဗယ်အာဏာပိုင်များသည် ယခင်အစိုးရအရာရှိဟောင်းများကို ပစ်မှတ်ထားရန်နှင့် လက်တုံ့ပြန်ရန် တောင်းဆိုနေခဲ့ကြကြောင်း ဟယ်လ်မန်းပြည်နယ် ဂျရက်ရှ်မြို့ရှိ တာလီဘန် ရဲတစ်ဦးက ဒေသခံများကို ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly