တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုသည် ပထဝီဝင်စီးပွားရေး အပြောင်းအလဲများကို ဖော်ဆောင်သဖြင့် အိန္ဒိယအတွက် ထောက်ပံ့ရေးကွင်းဆက်များနှင့် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်သည်။
“အထူးသဖြင့် အိန္ဒိယစီးပွားရေးသည် ပြီးခဲ့သောဆယ်စုနှစ်များအတွင်း စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူမှု တိုးတက်စေရေးအပါအဝင်စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်နေခဲ့ကြောင်း၊
အခြေခံအဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး၊ အဆင့်မြင့်ပညာရေး၊ စာတတ်မြောက်ရေး၊ ပြည်သူ့ကျန်းမာ ရေး၊ အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေး၊ အမျိုးသမီးများအတွက် အလုပ်အခွင့်အလမ်းများနှင့် ကျွမ်းကျင်လုပ်သားအင်အား စသည်တို့ကြောင့် အိန္ဒိယသည် အခြားနိုင်ငံများထက် ရှေ့ရောက်နေပြီး၊
တရုတ်အပြင် အိန္ဒိယသည် ရွေးချယ်စရာနိုင်ငံဖြစ်လာခဲ့သည်” ဟု Hongkong Post သတင်းတွင် ဖော်ပြထားသည်။
“၂၀၂၂ ခုနှစ် ပထမ ၃လပတ်ကုန်ဆုံးသွားချိန်တွင် တရုတ်နိုင်ငံ၌ အိမ်ခြံမြေဈေးနှုန်းများနှင့် ငွေကြေး ဖောင်းပွမှုနှုန်း မြင့်တက်လာခြင်းနှင့် ရုန်းကန်နေရသောကြောင့် စီးပွားရေးကို ပုံမှန်ဖြစ်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
အမေရိကန်နှင့် တရုတ် ကုန်သွယ်မှုအငြင်းပွားမှုနှင့် တရုတ်ဗဟိုပြု ဖြန့်ဖြူးပေးပို့ရေးအပေါ် ယုံကြည်မှု ကျဆင်းနေခြင်းသည် နိုင်ငံအတွက် ပြဿနာများကို ပိုမိုများပြားလာစေနိုင်သည်။"
ထို့အတူ ပိုးလမ်းမသစ်စီမံကိန်း (BRI) မိတ်ဖက်များဖြစ်သည့် သီရိလင်္ကာနှင့် ပါကစ္စတန်တို့ကဲ့သို့သော နိုင်ငံများတွင် တရုတ်မှ ငွေကြေးစီးဆင်းမှု လျော့နည်းသွားကာ စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရ သဖြင့် တရုတ်နိုင်ငံ၏ ပြင်ပသြဇာလည်း ကျဆင်းလာခဲ့သည်။
ကိုဗစ်-၁၉၏ အိုမီခရွန်မျိုးကွဲ ပြန်လည်ပေါ်ပေါက်လာချိန်တွင် တရုတ်မော်တော်ယာဉ်ထုတ်လုပ်မှု၏ ၁၁ ရာခိုင်နှုန်းရှိသော ရှန်းကျန့်နှင့် ချန်ချွန်းမြို့အပါအဝင် အဓိကစက်မှုဇုန်အများစုကို ပိတ်ပစ်ရန် တွန်းအား ပေးခဲ့သောကြောင့် စီးပွားရေးဆိုင်ရာ အခက်အခဲများ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကြောင်း မီဒီယာတစ်ခုက ပြောကြားခဲ့သည်။
အမေရိကန်ထိပ်တန်းကုမ္ပဏီများသည် အိန္ဒိယတွင် ကြီးမားသော နည်းပညာဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်နေခြင်း သို့မဟုတ် အိန္ဒိယအခြေစိုက် အိုင်တီစွမ်းရည်များကို ဆက်လက်အားယူနေရသည်။
အိန္ဒိယ၏ ဓာတုဗေဒ၊ ဆေးဝါး၊ ပလတ်စတစ်၊ အထည်အလိပ်၊ အဝတ်အထည်နှင့် သံမဏိအပါအဝင် ကုန်ထုတ်လုပ်မှုကဏ္ဍများစွာသည်လည်း နှစ်ပေါင်းများစွာ အတွေ့ကြုံရှိနေသည်။