ထိုင်းနိုင်ငံကမ်းခြေတွင် တွေ့သည့် လေယာဉ်အပိုင်းစတစ်ခုမှာ ပျောက်ဆုံးသွားသည့် မလေးရှားလေးယာဉ်ဖြစ်နိုင်သည်ဟု ခန့်မှန်းချက််များထွက်ပေါ်

ထိုင်းနိုင်ငံကမ်းခြေတွင် တွေ့သည့် လေယာဉ်အပိုင်းစတစ်ခုမှာ ပျောက်ဆုံးသွားသည့် မလေးရှားလေးယာဉ်ဖြစ်နိုင်သည်ဟု ခန့်မှန်းချက််များထွက်ပေါ်

ဘန်ကောက်၊ ဇန်နဝါရီ-၂၄ ။          ။ လေယာဉ်အစိတ်အပိုင်းဟု ယူဆရသည့် အပျက်အစီးအစတစ်ခုကို ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်း ကမ်းလွန်တွင် တွေ့ရှိခဲ့ရသည်ဟု ဒေသအရာရှိတစ်ဦးက ဇန်နဝါရီ ၂၃ရက်နေ့တွင် ပြောကြားခဲ့ရာ နှစ်နှစ်နီးပါးအလွန်က ပျောက်ကွယ်သွားခဲ့သည့် မလေးရှားလေကြောင်းလိုင်းလေယာဉ် MH370မှ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်သည်ဟူသော ခန့်မှန်းမှုများ ထွက်ပေါ်လာခဲ့သည်။

ပက် ဖနန်းခရိုင်အကြီးအကဲ တန်ယာပတ် ပက်သီခွန်ဖန်က ရိုက်တာသို့ ပြောကြားချက်အရ ကြီးမားသော သတ္တုအဝိုက်အကွေး အစိတ်အပိုင်းတစ်ခုကို နက်ခွန် ဆီ သမ်မာရတ်ပြည်နယ်တွင် ကမ်းတင်လာသည်ကို တွေ့ရှိရာ၊ ရွာသားများက မည်သည့်အစိတ်အပိုင်းဖြစ်သည်ကို ဖော်ထုတ်ပေးရန် အာဏာပိုင်များထံသို့ သတင်းပို့လာခဲ့သည်ဟု ဆိုသည်။

“ အကျယ် ၂မီတာ၊ အရှည် ၃မီတာရှိတဲ့ ဒီအပျက်အစီး အစိတ်အပိုင်းကို ရွာသွားတွေက တွေ့ရှိခဲ့တာပါ”ဟု ပတ်သီခွန်ဖန်က ပြောကြားခဲ့သည်။  

ဤတွေ့ရှိချက်ကြောင့် ထိုင်းမီဒီယာများတွင် အပျက်အစီးအစိတ်အပိုင်းမှာ ၂၀၁၄ခုနှစ် မတ်လက ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းစဉ် လိုက်ပါလာသူ ၂၃၉ယောက်နှင့်အတူ ပျောက်ဆုံးသွားခဲ့သည့် MH370လေယာဉ်မှ ဖြစ်နိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်လာခဲ့သည်။

သို့ရာတွင် ထိုအပျက်အစီးအစိတ်အပိုင်းမှာ လေယာဉ်တစ်စင်းမှ ဖြစ်သည်ဆိုသည်ကို တရားဝင် အတည်ပြုခြင်းတော့ မရှိသေးပေ။ အပိုင်းအစပေါ်တွင် အညှိတက်နေသည်ကို ထောက်ရျ် ပင်လယ်ရေအောက်တွင် တစ်နှစ်ကျော် နစ်မြှုပ်နေခဲ့ခြင်း ဖြစ်နိုင်သည်ဟု တံငါသည်များက ခန့်မှန်းကြောင်း ပက်သီခွန်ဖန်က ထပ်လောင်း ပြောကြားခဲ့သည်။

မူလလမ်းကြောင်းမှ မိုင်ထောင်ချီ သွေဖယ်သွားစေရန် တစ်စုံတစ်ယောက်က MH370၏ ရေဒီယိုအချက်ပြ ထုတ်လွှင့်စက်ကို ရည်ရွယ်ချက်ရှိရှိ ပိတ်ပစ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု စုံစမ်းစစ်ဆေးသူများက ယုံကြည်နေကြသည်။ ခရီးသည်အများစုမှာ တရုတ်လူမျိုးများဖြစ်ပြီး၊ ထိုလေယာဉ်နှင် ပတ်သက်သမျှကို အနီးကပ် စောင့်ကြည့်နေသည်ဟု ပေကျင်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly