မန်ယူပရိသတ်များ လှောင်ပြောင်သင့်သည်ဟု ဗန်ဟားလ်ဝန်ခံ

မန်ယူပရိသတ်များ လှောင်ပြောင်သင့်သည်ဟု ဗန်ဟားလ်ဝန်ခံ

မန်ချက်စတာ၊ ဇန်နဝါရီ ၂၄ ။           ။ အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ဆောက်သမ်တန်အသင်းကို ဝ-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက်တွင် မန်ယူအသင်းနည်းပြ လူးဝစ္စဗန်ဟားလ်က ၎င်းနှင့်၎င်း၏အသင်းမှာ ပရိသတ်များ၏ လှောင်ပြောင်မှုနှင့် ထိုက်တန်ကြောင်း ဝန်ခံပြောဆိုလိုက်သည်။

မန်ယူအသင်းသည် အိမ်ကွင်းအိုးထရက်ဖို့ဒ်တွင် ကစားခဲ့သည့် နောက်ဆုံး ၁၁ ပွဲဆက်တိုက် ပထမပိုင်း၌ ဂိုးမသွင်းနိုင်သည့် စံချိန်လည်း တင်သွားခဲ့သည်။

မန်ယူအသင်းသည် ယခုအချိန်တွင် ပရီးမီးယားလိဂ်၌ အဆင့်ငါးနေရာတွင် ရပ်တည်နေပြီး အဆင့်လေးမှ စပါးနှင့် ငါးမှတ်ကွာဟလျက်ရှိကာ အဆင့်တစ်မှ လက်စတာနှင့် ၁၀ မှတ်ကွာဟလျက်ရှိသည်။

ဆောက်သမ်တန်နှင့်ပွဲအပြီးတွင် ဗန်ဟားလ်က 'လှောင်ပြောင်ကြတဲ့ ပရိသတ်တွေ မှန်ပါတယ်။ ဒါကို ကျွန်တော် မငြင်းနိုင်ပါဘူး။ ဒီနေ့ပွဲမှာ ဒါကို တွေ့ခဲ့ရပါတယ်။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ အတူတကွ ခံစားကြရမှာပါပဲ' ဟု ပြောဆိုခဲ့သည်။

မန်ယူအသင်းသည် ပွဲစဉ် ၂၃ ပွဲကစားပြီးချိန်တွင် ရမှတ် ၃၇ မှတ် ရရှိထားသည်။ ထိုရမှတ် ရရှိမှုမှာ ပရီးမီးယားလိဂ်သမိုင်းတွင် မန်ယူအသင်းအတွက် အဆိုးရွားဆုံးဖြစ်ပြီး နည်းပြဒေးဗစ်မိုယက်စ်လက်ထက်ကထက် ပိုမိုဆိုးရွားသည့် အမှတ်ရရှိမှု ဖြစ်သည်။

'ကျွန်တော်တို့ ပြင်းပြင်းထန်ထန်အလုပ်ကို ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ဒဏ်ရာရကစားသမားတွေ များပြားလွန်းနေပါတယ်။ ဒါကို ကျွန်တော်တို့ မပြောင်းလဲနိုင်ပါဘူး' ဟု ဗန်ဟားလ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly