တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒသည် ဘဏ္ဍာငွေကျပ်တည်းနေသော ဒေသဆိုင်ရာအစိုးရများကို ဝန်ထုပ် ဝန်ပိုးဖြစ်စေ

တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒသည် ဘဏ္ဍာငွေကျပ်တည်းနေသော ဒေသဆိုင်ရာအစိုးရများကို ဝန်ထုပ် ဝန်ပိုးဖြစ်စေ

တရုတ်တွင် ကျန်းမာရေးစောင့်ရှောက်မှုစရိတ်များ မြင့်တက်လာမှုနှင့် ကြွေးမြီများကို ထိန်းချုပ်ရန်ကြိုပမ်းမှုများ ကြောင့် တရုတ် အစိုးရ၏ ကိုဗစ်-၁၉ မူဝါဒသည် ဘဏ္ဍာငွေကျပ်တည်းနေသော ပြည်နယ်အစိုးရများကို အခက်ကြုံစေ လျက်ရှိသည်။

ပြည်နယ်အစိုးရများသည် ဗဟိုအစိုးရ၏ ပြင်းထန်သော ကိုဗစ်မဟာဗျူဟာကို ဖြည့်ဆည်း ရန် ကြီးထွားလာသော ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးကို ရင်ဆိုင်နေရသည်ဟု လေ့လာသုံးသပ်သူများက ပြောကြားခဲ့ကြောင်း မူဝါဒ သုတေသနအဖွဲ့(POREG) က ဖော်ပြထားသည်။

တရုတ်တွင် ၂ နှစ်အတွင်း အကြီးမားဆုံး ဗိုင်းရပ်စ်ကူးစက်မှုနှင့် ရင်ဆိုင်နေရပြီး စီးပွားရေးဆိုင်ရာ တည်ငြိမ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များကို ထိခိုက်စေနိုင်သည့် သက်ရောက်မှုရှိသည့် နည်းပညာ အချက်အချာကျသော ဆန်းကျန့်မြို့အပါအဝင်မြို့အများအပြားတွင် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းနှင့် ပိတ်ဆို့ခြင်းများ ချမှတ်ထား သည်။

တရုတ်အစိုးရသည် တင်းကျပ်သောပိတ်ဆို့ကန့်သတ်မှု၊ အစုလိုက်အပြုံလိုက်စမ်းသပ်မှုနှင့် အစိုးရ အဆောက် အအုံများတွင် သီးသန့်ခွဲထားမှုကို ကျင့်သုံးသည့် ဗိုင်းရပ်စ် လုံးဝကင်းစင်ရေးမူဝါဒကို စွဲကိုင် ထား သည်။

"တရုတ်တစ်ဝန်း လက်ရှိအခြေအနေက တကယ့်ကို ပြင်းထန်ပါတယ်။ လက်ရှိပုံစံက ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုနဲ့ ငွေကြေးဆိုင်ရာ ဖိအားတွေကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ တစ်ကမ္ဘာလုံးမှာ ကူးစက်ရောဂါ ထိန်းချုပ်ရေး မူဝါဒတွေကို ပြုပြင်ပြောင်းလဲနေပြီး တရုတ်မှာလဲ ပြုပြင်ပြောင်းလဲမှု ဖြစ်နိုင်ခြေတွေ တိုးလာနေပါတယ်" ဟု တရုတ်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုဘဏ်တစ်ခု ဖြစ်သော ထန်ဖန်းငွေကြေးသက်သေခံလက်မှတ်လုပ်ငန်းမှ ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်၏ နိုင်ငံတကာဘဏ္ဍာရေးအချက်အချာနှင့် ထောက်ပံ့ပို့ဆောင်ရေးစင်တာဖြစ်သော ရှန်ဟိုင်းမြို့သည် ကပ်ရောဂါစတင်ချိန်မှစ၍ အဆိုးရွားဆုံးကိုဗစ်-၁၉ ဖြစ်ပွားမှုကို တိုက်ဖျက်နေရကြောင်း POREG မှ ပြောကြားခဲ့သည်။

အချို့သော ပြည်နယ်အစိုးရများသည် တင်းကျပ်သော တားမြစ်အရေးယူမှုများ ချမှတ်ထားသည်။ ထို့ပြင် လူအများအပြားကို စစ်ဆေးစမ်းသပ်မှုသည် ကူးစက်မှုများပြားနေသောဒေသများတွင် နောက်ထပ် ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုးကိုထပ်တိုးစေသည်ဟု POREG မှပြောကြားခဲ့သည်။

အိုမီခရွန်မျိုးကွဲ ကူးစက်မှုအသစ်များကြောင့် အရှေ့မြောက်ပိုင်း ကျီလင်းပြည်နယ်တွင် ပြီးခဲ့သော သီတင်းပတ်ကုန်ကတည်းက ပိတ်ဆို့ကန့်သတ်မှုများ ချမှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly