ဆိုးရွားသော စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာသည် တရုတ်အပြင် အခြားနိုင်ငံများမှလည်း အကူအညီယူရန် ပြင်ဆင်နေ

ဆိုးရွားသော စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာသည် တရုတ်အပြင် အခြားနိုင်ငံများမှလည်း အကူအညီယူရန် ပြင်ဆင်နေ

သီရိလင်္ကာတွင် စားနပ်ရိက္ခာနှင့် လောင်စာဆီ ကျယ်ကျယ်ပြန့်ပြန့် ပြတ်လပ်မှုကြောင့် ဈေးနှုန်းများ မြင့်တက် လာခြင်းနှင့် ကြွေးမြီ ၂ ဆတိုးခြင်းနှင့် ရင်ဆိုင်နေရခြင်းကြောင့် နိုင်ငံသားများ၏ ဆန္ဒပြပွဲများနှင့် ရင်ဆိုင်နေရသည်။

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်သဖြင့် ဂျုံဈေးမြင့်တက်နေချိန်တွင် ကမ္ဘာ့ရေနံစိမ်းဈေးသည် ၁၄ နှစ်အတွင်း အမြင့်ဆုံးရောက်ရှိလာသဖြင့် အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။

အစိုးရအချက်အလက်များအရ ၂၀၂၁ ခုနှစ် ဧပြီလအထိ သီရိလင်္ကာ၏ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံတွင် ၁၀ ရာခိုင်နှုန်းခန့်သည် တရုတ်ကို ပေးရမည်ဖြစ်သည်။

သို့သော် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် သီရိလင်္ကာဗဟိုဘဏ်၏ ကြွေးမြီများကိုပါ ထည့်သွင်း စဉ်းစား ပါက တရုတ်၏ စုစုပေါင်းထုတ်ချေးမှုသည် ပိုမိုများနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

သီရိလင်္ကာ၏ အဓိကလုပ်ငန်းဖြစ်သော ခရီးသွားလုပ်ငန်းသည် ဆက်လက်ဖြစ်ပွားနေသော ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ကြီးမားသော သက်ရောက်မှုများနှင့် ရင်ဆိုင်ရသည်။

၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် ခရီးသွားဝင်ရောက်မှု စုစုပေါင်း ၈၂၃၂၇ ဦးအနက် အကြမ်းဖျင်းအားဖြင့် ၂၆ ရာခိုင်နှုန်းသည် ယင်းနိုင်ငံများမှ လာရောက်သူများဖြစ်သည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံနှင့် နှိုင်းယှဉ်ပါက နိုင်ငံ၏တရားဝင်အရန်ငွေမှာ ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၆ ဘီလီယံအထိ ကျဆင်းသွားခဲ့သည်။

သီရိလင်္ကာအစိုးရ၏ နောက်ထပ်စိန်ခေါ်မှုကြီးမှာ ၂၀၂၂ခုနှစ် ဇူလိုင်လတွင် ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိ ငွေချေးစာချုပ်များကို ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

ယင်းအကျပ်အတည်းမှ လွတ်မြောက်ရန် သီရိလင်္ကာ၏ လက်တွေ့ကျဆုံး ရွေးချယ်မှုမှာ ယင်း၏ ပြင်ပကြွေးမီများကို ပြန်ဆပ်ရမည့်ကာလကို ပြန်လည်ပြင်ဆင်ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly