ပါကစ္စတန် ဆင်းဒ်ပြည်နယ်၌ ဟိန္ဒူမိန်းကလေး ၁ ဦး ပစ်သတ်ခံရ

By ANI
25 March 2022
ပါကစ္စတန် ဆင်းဒ်ပြည်နယ်၌ ဟိန္ဒူမိန်းကလေး ၁ ဦး ပစ်သတ်ခံရ

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်တွင် ပြန်ပေးဆွဲသမားများသည် အသက် ၁၈ နှစ်အရွယ် ဟိန္ဒူဘာသာဝင် မိန်းကလေးတစ်ဦးကို ပြန်ပေးဆွဲရန် ကြိုးပမ်းခဲ့သော်လည်း အထမမြောက် ဖြစ်ပြီးနောက် ထိုမိန်းကလေးကို ပစ်သတ်သွားခဲ့ကြောင်း The Friday Times သတင်းဌာနက မတ်လ ၂၂ ရက်တွင် ဖော်ပြသည်။

ပူးဂျာ အော့ဒ် အမည်ရ မိန်းကလေးသည် ဆက်ကာခရိုင် ရိုဟီမြို့ရှိ လမ်းလယ်ခေါင်တွင် သူမကို ရန်ပြုသူများအား ပြန်လည်ရင်ဆိုင်ခုခံခဲ့ပြီးနောက် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ယင်းသတင်းဌာနက ဖော်ပြသည်။

ယင်းဖြစ်စဉ်သည် ပါကစ္စတန်၌ သီးခြားဖြစ်ပေါ်သော ဖြစ်စဉ်တစ်ခုတော့ မဟုတ်ပေ။ ယင်းနိုင်ငံတွင် နှစ်စဉ်ဆိုသလို ခရစ်ယာန်နှင့် ဟိန္ဒူဘာသာဝင် မိန်းကလေး ရာနှင့်ချီတို့သည် အစ္စလမ်ဘာသာသို့ အတင်းအကျပ် ကူးပြောင်းရန် ခိုင်းစေခံနေရကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

လူနည်းစု အစုအဖွဲ့များမှ ဖြစ်သော အမျိုးသမီးများသည် ပြန်ပေးဆွဲခံရခြင်း၊ အတင်းအကျပ် ဘာသာ ကူးပြောင်းခိုင်းခံရခြင်းတို့ကို ပုံမှန်လိုလို ကြုံတွေ့နေကြရသည်ဟု သိရသည်။

ပါကစ္စတန်ရှိ လူနည်းစု အစုအဖွဲ့များသည် ယခင်ကာလကြာကတည်းက အတင်းအကျပ် လက်ထပ်စေရန် စေခိုင်း ခံရမှုနှင့် အတင်းအကျပ် ဘာသာအယူ ကူးပြောင်းခိုင်းခံရမှုတို့ကို ရင်ဆိုင်ထားခဲ့ရသည်ဟု လူ့အခွင့်အရေးအဖွဲ့များ က ပြောကြသည်။

ထို့ပြင် ဟိန္ဒူများနှင့် အခြားလူနည်းစုများအပေါ် ပြစ်မှုကျူးလွန်မှုများ မြင့်တက်နေမှုနှင့်ပတ်သက်ပြီး ပါကစ္စတန် အစိုးရဘက်က လိုအပ်သည့် အရေးယူမှုများ လုပ်ဆောင်ရန် ပျက်ကွက်နေကြောင်း လူ့အခွင့်အရေးအဖွဲ့ အများ အပြားက စွပ်စွဲထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly