ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက တရုတ်ကုမ္ပဏီများ၏ အခွန်ရှောင်မှုကို ဖော်ထုတ်

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက တရုတ်ကုမ္ပဏီများ၏ အခွန်ရှောင်မှုကို ဖော်ထုတ်

တရုတ်ကုမ္ပဏီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သက်ဆိုင်ရာနယ်မြေဥပဒေများကို ဖောက်ဖျက်သောကြောင့် တိုင်းပြည်ဘဏ္ဍာများ ဆုံးရှုံးစေသည်ဟု Bangladesh Live News က မတ်လ ၂၂ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ သတင်းကြောင့် နိုင်ငံအများအပြားတွင် ဥပဒေချိုးဖောက်မှုများကျူးလွန်ကြသည့် တရုတ် ကုမ္ပဏီများ၏ လုပ်ငန်းဆိုင်ရာ ကျင့်ဝတ် ညံ့ဖျင်းပြီးသား ပုံရိပ်ကိုပိုဆိုးစေခဲ့သည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် ၎င်းတို့နိုင်ငံရှိ လမ်းများနှင့်တံတားများ ဆောက်လုပ်ရာတွင် ပါဝင်နေသည့် တရုတ်ကုမ္ပဏီ China Communications Construction Company (CCCC) လုပ်ငန်းခွဲ တစ်ခုဖြစ်သည့် China Road & Bridge Corporation (CRBC) သည် အစိုးရစီမံကိန်းများ အတွက် အဆောက်လုပ်ရေးပစ္စည်းများ တင်သွင်းရာတွင် အခွန်တိမ်းရှောင်မှုများရှိကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက တွေ့ရှိခဲ့သည်။

နောက်ဆုံးအမှုတွင် တရုတ်ကုမ္ပဏီ Comefly Outdoor Co Ltd ၏ လုပ်ငန်းခွဲဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အခြေစိုက်တရုတ်ကုမ္ပဏီ Tianye Outdoor (BD) Co Ltd (TOCL) သည် ဘင်္ဂလားဒေ့ရှ် တာကာ ၂၁ ကုဋေနှင့် ၅၇ သိန်းပမာဏရှိ အခွန်တိမ်းရှောင်မှုနှင့် အခွန်လိမ်လည်မှုတွင် ပါဝင်ပတ်သက်ကြောင်း စစ်တကောင်း အကောက်ခွန်အရာရှိများက၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ဖော်ထုတ်ခဲ့သည်။

TOCL သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာရှာဟီမြို့၌ တည်ရှိသော တရုတ်ပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး စခန်းချတဲများ၊ အဝတ်အထည်နှင့် အခြားထောက်ပံ့ရေးပစ္စည်းများ၊ အထည်အလိပ်နှင့် ချုပ်ထည်များ စသည်တို့ကို ထုတ်လုပ်ရောင်းချသည်။

ဘင်္ဂလားဒေ့ရှ်သည် အကျင့်ပျက်တရုတ်စီးပွားရေးလုပ်ထုံးလုပ်နည်းများကို ဖော်ထုတ်ပြီး ၎င်းတို့ကို နှိမ်နင်းရန် ဆုံးဖြတ်ခြင်းကြောင့် တရုတ်နိုင်ငံ၏ ခါးပတ်လမ်းစီမံကိန်းရည်မှန်းချက်များသည် ဆုတ်ယုတ်မှုနှင့် ရင်ဆိုင်ရနိုင်သည်။

Bangladesh Live News သတင်း၏အဆိုအရ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၌ BRI စီမံကိန်း ၉ ခုရှိသည်။

တရုတ်ကုမ္ပဏီများ၏လုပ်ငန်းဆောင်တာများသည် ကမ္ဘာ့အခြားနေရာများတွင်သာမက နိုင်ငံပေါင်းစုံမှဘဏ္ဍာရေးအဖွဲ့အစည်းများ အထူးသဖြင့် ကမ္ဘာ့ဘဏ်၏ စောင့်ကြည့်မှုကို ခံနေရသည်။ တရုတ်နိုင်ငံသည် ယုံကြည်စိတ်ချရသော စီးပွားရေးမိတ်ဖက်အဖြစ် မိမိကိုယ်ကို ပုံဖော်ထားသော်လည်း နိုင်ငံ၏စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် မသမာမှုများနှင့် ပြည့်နှက်နေပုံပေါ်သည်ဟု Bangladesh Live News က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly