တကျော့ပြန် ကိုဗစ်ကြောင့် KIO ဌာနချုပ်လိုင်ဇာ တွင် မတ်လ အတွင်း လူ ၂ ဦး သေဆုံး

By သတင်းနှင့် မီဒီယာ ကွန်ရက်
25 March 2022
တကျော့ပြန် ကိုဗစ်ကြောင့် KIO ဌာနချုပ်လိုင်ဇာ တွင် မတ်လ အတွင်း လူ ၂ ဦး သေဆုံး

မတ်လ ၂၅ ရက်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် နေ့စဉ် COVID-19 ကူးစက်ခံနေရသူ အယောက် ၃၀ အထက်ရှိနေပြီး မတ်လအတွင်း သေဆုံးလူနာ နှစ်ဦးရှိခဲ့သည်ဟု KIO ၏ COVID-19 ရောဂါ ကူးစက်မှု တားဆီးနှိမ်နှင်းရေး ဗဟိုကော်မတီထံမှ သိရသည်။

မတ်လ (ယခုလ) အတွင်း သေဆုံးသွားသူ အမျိုးသားနှစ်ဦးသည် အသက် ၃၀ အရွယ်များဖြစ်သည်ဟု KIO ၏ COVID-19 ရောဂါ ကူးစက်မှု တားဆီးနှိမ်နှင်းရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ် က ပြောသည်။

“ဒီတစ်လ အတောအတွင်းမှာဘဲ ဆုံးတာ ၂ ယောက်ရှိသွားပြီခင်ဗျ။ အဲ့ပြီးတော့ သူတို့က တစ်ခြား ဒီတစ်ခြား ရောဂါတွေလည်း ရှိတယ်။ ရှိတဲ့လူတွေဘဲ” ဟု ပြောသည်။

မတ်လအတွင်းသေဆုံးသွားသည့် COVID-19 အတည်ပြုလူနာနှစ်ဦးစလုံးသည် အခြားရောဂါအခံအသီးသီး လည်း ရှိကြပြီး နှစ်ဦးစလုံး အပြင်းဖျားဖျားရာမှ ဆေးရုံသို့ရောက်ရှိလာကာ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိပြီနောက် သေဆုံးသွားခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးအနက် တစ်ဦးသည် COVID-19 ကာကွယ်ဆေးများလည်း Full dose ထိုးထားသူဖြစ်ပြီး ကျန် တစ်ဦးမှာ ကာကွယ်ဆေး မထိုးထားဘူးဟု သိရသည်။

လိုင်ဇာမြို့အတွင်း COVID-19 ပိုးတွေ့လူနာများ နေ့စဉ်တိုးလျှက်ရှိပြီး တစ်ရက်လျှင် လူဦးရေ အနည်းဆုံး ၅၀၀ ခန့် ကို ဆေးစစ်ပေးလျှက်ရှိရာ ပိုးတွေ့အတည်ပြုလူနာ လူဦးရေ ၁၀ ဦးမှ ၅၀ ဦး အထိ ကူးစက်မှု ရှိနေသည်ဟု ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ်က ပြောသည်။

“အခုလောလောဆယ်တော့ ကျနော်တို့ လိုင်ဇာရပ်ကွက်မှာဘဲ ဖြစ်တဲ့အခါကျရင် တစ်ဆယ်ကျော် ငါးဆယ်ဝန်း ကျင်တော့ ရှိတယ်ခင်ဗျ။ ပြီးတော့အခုလောလောဆယ်က အိုမီခရွန် တွေဘဲ ဖြစ်တယ်ဆိုတော့ တစ်ယောက် ပြီး တစ်ယောက်ဆိုရင် ဖြစ်ပြီဆိုလို့ရှိရင် တော်တော် ကူးစက် မြန်တယ်ဆိုတော့ အားလုံးကို တစ်ခါတည်း တစ် အိမ်သားလုံး တစ်မိသားစုလုံး ဌာနတစ်ခုလုံး အဲ့လိုဖြစ်တာ များတယ်ခင်ဗျ။ ကျနော်တို့ စစ်ဆေးတာလည်း ဒီ ၅၀၀ အောက်ဘဲ စစ်ဆေးတာ ဆိုတော့ အဲလောက်ရှိတယ် ခင်ဗျ။”

ထို့အပြင် ယခုရက်ပိုင်း လိုင်ဇာမြို့က COVID-19 အတည်ပြု ပိုးတွေ့လူနာအများစုသည်လည်း KIO ၏ ကျန်း မာရေးဌာနက ထိုးပေးထားသည့် ကာကွယ်ဆေးထိုးထားသူများ ဖြစ်ကြသည်ဟု ဗိုလ်မှူးကြီးလဖိုင်ဟိန်းဝေါမ်က ပြောသည်။

လိုင်ဇာမြို့အတွင်း တစ်ကျော့ပြန် COVID-19 ရောဂါကူးစက်မှုများကို ၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၁၀ ရက်နေ့ နောက် ပိုင်းမှစတင်၍ တွေ့ရှိလာခြင်းဖြစ်ပြီး ယခု မတ်လ ၂၅ ရက်နေ့အထိ နှစ်လကျော်အတွင်း အတည်ပြုလူနာ ၁၀၀၀ ကျော်သွားပြီဟု KIO ၏ COVID-19 ရောဂါ ကူးစက်မှု တားဆီးနှိမ်နှင်းရေး ဗဟိုကော်မတီ တာဝန်ရှိသူ၏ ပြော ပြချက်အရ သိရသည်။

၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် တဖန်ဖြစ်ပွားလာခဲ့သည့် COVID-19 ကူးစက်မှုသည် လိုင်ဇာ ဒေသခံများထံမှ မဟုတ်ပဲ အပြင်မှာဝင်ရောက်လာသူများထံမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ယနေ့အချိန်ထိ လိုင်ဇာမြို့ အဝင်အထွက်နေရာများတွင် ရောဂါပိုးစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေစဲဖြစ်သည်။

COVID-19 ကူးစက်မှုများ နေ့စဉ်တွေ့ရှိနေရသော်လည်း လိုက်ဇာပြည်သူများ၏ နေထိုင်လုပ်ကိုင်စားသောက် ရေး ခက်ခဲမှု တောင်းဆိုချက်များအရ မြို့ကို Lockdown ချသည့်ပုံစံမျိုးမဟုတ်ပဲ ပြည်သူများ အနေဖြင့် လိုက် နာရမည့် စည်းကမ်းပိုင်းတို့ကိုသာ အဓိကလိုက်နာကြဖို့ တိုက်တွန်းပြောဆိုထားသည်ဟု ဗိုလ်မှူးကြီးလဖိုင်ဟိန်း ဝေါမ်က ပြောသည်။

ဓါတ်ပုံ - The Kachin Net

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required