မန်ယူအသင်းထံ မော်ရင်ဟိုစာပို့ခဲ့ခြင်းမရှိဟု အေးဂျင့်ပြတ်ပြတ်သားသားငြင်းဆန်

မန်ယူအသင်းထံ မော်ရင်ဟိုစာပို့ခဲ့ခြင်းမရှိဟု အေးဂျင့်ပြတ်ပြတ်သားသားငြင်းဆန်

ဇန်နဝါရီ ၂၄၊ မန်ချက်စတာ ။           ။ အိုးထရက်ဖို့ဒ်တွင်နည်းပြဖြစ်လာရန်အတွက် မန်ယူအသင်းထံမော်ရင်ဟိုစာပို့ခဲ့သည်ဆိုသည့်သတင်းမှာ ဟုတ်မှန်ခြင်းမရှိဟု အေးဂျင့် ဂျော့မန်ဒက်စ်က   ပြတ်ပြတ်သားသားငြင်းဆန်လိုက်သည်။

ချယ်လ်ဆီးနည်းပြဟောင်းသည် အသင်းအတွက်၎င်း၏အစီအစဉ်များ၊ အဓိကဆုံးဖြတ်ချက်များ၊ မူဝါဒရေးရာများအသေးစိတ်ပါဝင်သည့် စာမျက်နှာခြောက်မျက်နှာပါ စာတစ်စောင်ကို မန်ယူအသင်းထံ   ပေးပို့ခဲ့သည်ဟု ဗြိတိန်ထုတ် အင်ဒီပန်းဒန့်သတင်းစာက ဖော်ပြခဲ့သည်။

ယင်းသတင်းမှာ စနေနေ့တွင် မန်ယူအသင်းက ဆောက်သမ်တန်ကိုအိမ်ကွင်းတွင် ၁-၀ ဂိုးဖြင့်ရှုံးပြီး ဇယားထိပ်မှ လက်စတာနှင့် ၁၀ မှတ် ကွာသွားချိန်နှင့် အချိန်ကိုက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

သို့သော် လုံးဝယုတ္တိမရှိဟု မန်ဒက်စ်က ၎င်း၏အေဂျင်စီမှတစ်ဆင့် ပြန်လည်ဖြေရှင်းခဲ့သည်။ "မော်ရင်ဟိုလိုနည်းပြတစ်ယောက်အနေနဲ့ အသင်းတစ်သင်းမှာအလုပ်ရဖို့ အခုလိုမလုပ်ခဲ့ပါဘူး။ သိပ်ရယ်စရာကောင်းပြီး လုံးဝယုတ္တိမရှိပါဘူး"ဟု မန်ဒက်စ်က ပြောသည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly