မြိတ်မြို့တွင် မတ်လအတွင်း Covid-19 ရောဂါကြောင့် သေဆုံးသူ ၁၀ ဦးရှိ

မြိတ်မြို့တွင် မတ်လအတွင်း Covid-19 ရောဂါကြောင့် သေဆုံးသူ ၁၀ ဦးရှိ

မြိတ်၊ မတ်လ၊ ၂၅

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယခုမတ်လ အတွင်း Covid-19 ရောဂါ ကူးစက်မှုကြောင့် သေဆုံးသူ ဦးရေ ၁၀ ဦး ရှိနေပြီး ဖြစ်ကြောင်း မြိတ်အခြေစိုက် ကျန်းမာရေး ပရဟိတ အဖွဲ့စည်းများထံက သိရသည်။

မြိတ်အခြေစိုက် ကျန်းမာရေ ပရဟိတအဖွဲ့စည်းမှ တာဝန်ရှိသူ တစ်ဦးက“မတ်လ ပထမ အပတ်ကစလို့ မြိတ်မှာ COVID-19 ကူးစက်သူတွေ အရမ်းများတာတွေ့ရတယ် ။ သေတဲ့သူက အခုဆိုရင် ၁၀ ဦး အထိ ရှိနေပြီး ဖြစ်တယ်”ဟု ပြော သည်။

COVID-19 ရောဂါကြောင့် အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး သုံးဦး မတ်လ ၅ မှ ၂၀ ရက် အထိ ၁၅ ရက် အတွင်း သေဆုံးခဲ့ကြောင်း ကျန်းမာရေး အဖွဲ့စည်းများ၏ တာဝန်ရှိသူများက ဆိုသည်။

“ရောဂါနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလထဲမှာ သေဆုံးသူ မရှိပါဘူး။ ကူးစက်မှုတော့ ရှိပါတယ်၊ မတ် လ အတွင်း မှာတော့ သေဆုံးမှုတွေ များတယ်”ဟု မြိတ်ဒေသခံ တစ်ဦးက ပြောသည်။

သေဆုံးသူ အများစုမှာ အသက်ကြီးပိုင်းနှင့် ရောဂါ အခံရှိသူများ ဖြစ်ပြီး ၎င်းတို့သည် မြိတ်ပြည်သူ့ ဆေးရုံကြီး၊ ပုဂ္ဂလိက ဆေးရုံများနှင့် ရပ်ကွက် အတွင်းရှိ နေအိမ်များ၌ သေဆုံးခဲ့သူများ ဖြစ်သည်ဟု ကျန်းမာရေး ပရဟိတ အဖွဲ့စည်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

#Mizzima

#တနင်္သာရီတိုင်း

#မြိတ်မြို့

#COVID-19

#ကျန်းမာရေးပရဟိတ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly