နေပြည်တော် မြို့တော်ခန်းမရှေ့၌ ‌ရေကစားမဏ္ဍပ် ဆောက်လုပ် 

နေပြည်တော် မြို့တော်ခန်းမရှေ့၌ ‌ရေကစားမဏ္ဍပ် ဆောက်လုပ် 

မတ်လ ၂၄ ရက်

စစ်ကောင်စီ ရုံးစိုက်သည့် နေပြည်တော်တွင် မြန်မာ နှစ်ကူးပွဲတော် ကျင်းပရန် အတွက် သင်္ကြန် ရေကစား မဏ္ဍပ်ကို မြို့တော်ခန်းမ အဝင်ရှေ့၌ ဆောက်လုပ်နေပြီ ဖြစ်ကြာင်း သိရသည်။ 

“ဒီနှစ်လည်း သူတို့ကတော့ ဖြစ်အောင် လုပ်မယ် စီစဉ်ထားပေမဲ့ ပြည်သူတွေ မလာရင် ဘာမှလုပ်လို့ မရပါဘူး။ သင်္ကြန် ဖြစ်မလား၊ မဖြစ်ဘူးလား ကတော့ သုံးသပ်လို့ မရသေးပါဘူး။ မဏ္ဍပ်လို့ ယူဆရတာကို ဆောက်နေတာ ကတော့ ဒီနေ့မှ သိတာပါ။ အရင်နှစ် ကလည်း အဲ့နေရာမှာ မဏ္ဍပ် ဆောက်ဖူးပေမယ့် သင်္ကြန်ကတော့ မဖြစ်ခဲ့ပါဘူး” ဟု နေပြည်တော် ဒေသခံက မဇ္ဈိမ က ပြောသည်။ 

အဆိုပါ မြို့တော်ခန်းမ အဝင်ရှေ့ရှိ ဂိတ်ပေါက် ဝင်ပေါက် အားလုံးတွင် လုံခြုံရေး အင်အား အများအပြား ချထားကြောင်း ဆိုသည်။ 

စစ်ကောင်စီက နေပြည်တော် ဝန်ကြီးဌာန ပေါင်းစုံ သင်္ကြန်ကို ဧပြီလ ၈ ရက်နေ့ ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required