တရုတ်က ထိုင်ဝမ်အား ကျူးကျော်လာမည်ကို ဂျပန်ပြည်သူအများစုက စိုးရိမ်နေကြောင်း စစ်တမ်းတစ်ခု ဖော်ပြ

တရုတ်က ထိုင်ဝမ်အား ကျူးကျော်လာမည်ကို ဂျပန်ပြည်သူအများစုက စိုးရိမ်နေကြောင်း စစ်တမ်းတစ်ခု ဖော်ပြ

ရုရှားက ယူကရိန်းကို တိုက်ခိုက်ပြီးနောက် ဂျပန်လူမျိုး ၁၀ ယောက်လျှင် ၉ ယောက်က ထိုင်ဝမ်ကို တရုတ်ကျူးကျော်လာမည်ကို စိုးရိမ်နေကြသည်ဟု ပြည်တွင်းသတင်းစာ Sunday ၏ စစ်တမ်းအရ သိရသည်။

မိုင်းနိချိနှင့် ဆာအိတားမားတက္ကသိုလ်၏ လူမှုရေးစစ်တမ်းသုတေသနစင်တာက မတ်လ ၁၉ ရက်တွင် ကောက်ယူခဲ့သော စစ်တမ်းအရ ဖြေဆိုသူ ၁ ၀၄၀ ၏ထက်ဝက်ကျော်က တရုတ်က ထိုင်ဝမ်ကို ကျူးကျော်မည့် အလားအလာနှင့် ပတ်သက်ပြီး အလွန်အမင်းစိုးရိမ်ကြောင်း ပြောခဲ့ကြသည်ဟု Sunday ဖော်ပြသည်။

ဖြေဆိုသူ ၃၃ ရာခိုင်နှုန်းခန့်က စိုးရိမ်ပူပန်မှု အတိုင်းအတာတစ်ခုအထိ ရှိသည်ဟု ဆိုသည်။

အရှေ့တရုတ်ပင်လယ်ရှိ ကျွန်းစုများနှင့်ပတ်သက်၍ တရုတ်နှင့် ပိုင်နက်အငြင်းပွားမှုတွင် ကြားညပ်နေသော ဂျပန်နိုင်ငံသည် အိမ်နီးချင်း ထိုင်ဝမ်၏ လုံခြုံရေးကို ၎င်းနိုင်ငံ၏လုံခြုံရေးနှင့် လွန်စွာဆက်စပ်မှုရှိသည်ဟု ယေဘုယျအားဖြင့် ရှုမြင်ထားသည်။

စစ်တမ်းကောက်ယူသူများအနက် ၈၇ ရာခိုင်နှုန်းက ယူကရိန်းကို ရုရှားကျူးကျော်မှုနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ဖြေဆိုခဲ့ကြသလို ၃၀ ရာခိုင်နှုန်းက ဂျပန်အစိုးရအနေဖြင့်ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ အရှိန်မြှင့်သင့်ကြောင်းယုံကြည်ထားကြသည်။

ယူကရိန်းထံသို့ ကျည်ကာအင်္ကျီများ ပေးပို့မည့် ဂျပန်၏ ဆုံးဖြတ်ချက်သည် ကျိုးကြောင်းဆီလျော်သည်ဟု ဖြေဆိုသူ ၆၁ ရာခိုင်နှုန်းက ပြောသည်။

ဖြေဆိုသူ ၁၁ ရာခိုင်နှုန်းခန့်က ဂျပန်သည် ယူကရိန်းကို စစ်ရေးအရ ကူညီရန် မလိုအပ်ကြောင်း ပြောခဲ့ကြသော်လည်း ၂၀ ရာခိုင်နှုန်းခန့်က စစ်ရေးအကူအညီဖြင့် ပိုမိုတက်ကြွစွာ ပံ့ပိုးပေးရန် စဉ်းစားသင့်သည်ဟု ပြောဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly