တရုတ်၏ ၄၃ နှစ်ကြာမြင့်ပြီဖြစ်သော ကျူးကျော်မှုကို ဗီယက်နမ်က ဆက်လက် ရှုတ်ချ

တရုတ်၏ ၄၃ နှစ်ကြာမြင့်ပြီဖြစ်သော ကျူးကျော်မှုကို ဗီယက်နမ်က ဆက်လက် ရှုတ်ချ

တောင်တရုတ်ပင်လယ်တွင် ဗီယက်နမ်နှင့် တရုတ်ကြား မကြာသေးမီက တင်းမာမှုများ မြင့်တက်နေသလို ဗီယက်နမ်ပြည်သူများကလည်း လူမှုမီဒီယာတွင် ၎င်းတို့၏ မကျေနပ်ချက်များကို ဖော်ပြနေကြသည်။

ဗီယက်နမ်စစ်ပွဲကို ဆင်နွှဲခဲ့သော တရုတ်ကို ရှုတ်ချခဲ့ကာ ၄၃ နှစ်နီးပါးကြာပြီးနောက် တရုတ်-ဗီယက်နမ်စစ်ပွဲသည် မီဒီယာများ၏ အာရုံစိုက်မှုကို ပြန်လည်ရရှိလာခဲ့သည်။

ဖေဖော်ဝါရီ ၁၇ ရက်သည် ၁၉၇၉ ခုနှစ် တရုတ်-ဗီယက်နမ်စစ်ပွဲ၏ ၄၃ နှစ်မြောက်နေ့ဖြစ်ပြီး လူမှုမီဒီယာ များတွင် ဗီယက်နမ်ပြည်သူများက တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ ဖော်ပြခဲ့ကြကာ ဗီယက်နမ် အစိုးရကိုလည်း ဝေဖန်မှုများလည်း ပြုလုပ်ခဲ့ကြောင်း Geo Politicaက ဖော်ပြခဲ့သည်။

တိုက်ပွဲကြောင့် ဗီယက်နမ်နယ်စပ်ပြည်နယ်များတွင် အရပ်သားများနှင့် စစ်သားအများအပြား သေဆုံးခဲ့ရသည်။

ယင်း ဒေါသသံများက ဗီယက်နမ်လူမျိုးများသည် ရုပ်ပိုင်းဆိုင်ရာဒဏ်ရာများကို မေ့ထားနိုင်သော်လည်း တရုတ် တို့၏ လှည့်စားမှုနှင့် စိတ်ပိုင်းဆိုင်ရာ နာကျင်စေမှုတို့ကို မဖြေဖျောက်နိုင်ကြောင်း ဖော်ပြနေသည်။

ယခုခေတ် ရေပိုင်နက် အငြင်းပွားမှုများ၊ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများနှင့် ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုများအပြင် နှစ်နိုင်ငံအကြား သမိုင်းကြောင်းဆိုင်ရာ မနှစ်မြို့ဖွယ်အဖြစ်မှန်များသည် ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

ဗီယက်နမ်တွင် တရုတ်ကျူးကျော်မှုကို ပြင်းထန်စွာတိုက်ခိုက်သည့် နှစ်ပတ်လည်နေ့များကို မြောက်ပိုင်း နယ်စပ် ပြည်နယ်များရှိ ဒေသန္တရသုသာန်များတွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး ဟနွိုင်းအပါအဝင် နိုင်ငံအနှံ့အပြားတွင် အသေးစားဆန္ဒပြပွဲများ ပြုလုပ်ကြသည်။

ထို့ပြင် ဗီယက်နမ် စစ်မှုထမ်းဟောင်းများ၊ စစ်ဝါသနာရှင်များ၊ သမိုင်းပညာရှင်များနှင့် သံတမန်များက ဗီယက်နမ်အပေါ် တရုတ်၏ အတိတ်က ရက်စက်ကြမ်းကြုတ်မှုများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုရန် အစိုးရအား တိုက်တွန်းခဲ့သည်။

၁၉၇၉ ခုနှစ် စစ်ပွဲတွင် ကျန်ရစ်ခဲ့သော ဒဏ်ရာများသည် ဗီယက်နမ်ပြည်သူများကို ခြောက်လှန့်နေဆဲဖြစ် ကြောင်း Geo Politicaက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly