ထိုင်းနယ်စပ်ကုန်သွယ်ရေး သောက်သုံးရေများ အဝယ်လိုက်နေ

ထိုင်းနယ်စပ်ကုန်သွယ်ရေး သောက်သုံးရေများ အဝယ်လိုက်နေ
Photo by Chinnawat Singha
 

ဘန်ကောက်၊ ဇန်နဝါရီ ၂၄ ။             ။ နယ်စပ်ဒေသများ တစ်လျှောက် သောက်သုံးရေ ရေချိုပြတ်လပ်သဖြင့် ထိုင်းနိုင်ငံ ဆာကိုးပြည်နယ် နယ်စပ်ကုန်သွယ်ရေးတွင် သောက်သုံးရေက အရောင်းရဆုံးဖြစ်လာနေသည်။

ကမ္ဘောဒီးယားမှ တစ်နိုင်တစ်ပိုင်ဈေးသည်များက အာရန်ယာပရာသက်နယ်စပ်ဂိတ်ကို ဖြတ်ကာ ထိုင်းနိုင်ငံတွင်းမှ သောက်သုံးရေကို နေ့စဉ် တစ်နေ့လျှင် ရေလီတာပေါင်း ၅၀၀၀၀ နီးပါး လာရောက်ဝယ်ယူနေကြပြီး နိုင်ငံတွင်း ပြန်လည်ရောင်းချနေရကြောင်း Thai Rath Online သတင်းတွင် ဇန်နဝါရီ ၂၃ ရက်က ဖော်ပြသည်။

ဆယ်လီတာဆံ့ ရေလှည်းများ၊ ပုံမှန်ရေးဘူးများများ ထိုင်းနယ်စပ်မှ ကမ္ဘောဒီးယားနိုင်ငံတွင်းသို့ ကုန်သွယ်ဝင်ရောက်လျက်ရှိသည်ကို တွေ့မြင်နေရသည်။

ထိုသို့ သောက်ရေအရောင်းအဝယ်ကုန်သွယ်မှုကြောင့် စည်းကားရှုပ်ထွေးလျက်ရှိနေရာ တရားမဝင်ပစ္စည်းများကိုလည်း အခွင့်ကောင်းယူလျက် မှောင်ခိုတင်သွင်းလာမည်ကို အာဏာပိုင်များအတွက် သတိထားစောင့်ကြည့်နေရလျက်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံအတွင်း သောက်သုံးရေပြတ်လပ်မှုကြောင့် သန့်ရှင်းဘေးကင်းသည်ဟု လူအများယုံကြည်သည့် ထိုင်းနိုင်ငံက သောက်သုံးရေများကို လာရောက်ဝယ်ယူနေကြခြင်းဖြစ်သည်ဟု ကမ္ဘောဒီးယား လူဝင်မှုရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲက ပြောကြောင်း ထိုင်းနိုင်ငံက ၎င်းနှင့်အဆင့်တူ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly