ရုရှား-ယူကရိန်းစစ်ပွဲက တရုတ်၏ ခြိမ်းခြောက်မှုကို ဆန့်ကျင်ရန် ထိုင်ဝမ်ကို လှုံ့ဆော်အားပေးနေ

ရုရှား-ယူကရိန်းစစ်ပွဲက တရုတ်၏ ခြိမ်းခြောက်မှုကို ဆန့်ကျင်ရန် ထိုင်ဝမ်ကို လှုံ့ဆော်အားပေးနေ

ရုရှားနှင့် ယူကရိန်းစစ်ပွဲက ထိုင်ဝမ်သားများကို သတိပေးမှုကြီးစွာ ဖြစ်စေပြီး ပြည်သူ ၇၀ ရာခိုင်နှုန်းကျော်က တရုတ်နိုင်ငံနှင့် စစ်ဖြစ်ချိန်တွင် နိုင်ငံအား စစ်ရေးအရ ခုခံကာကွယ်ရန် ဆန္ဒရှိကြောင်း စစ်တမ်းတစ်ခုတွင် တွေ့ရှိရသည်။

စစ်ဘက်ဆိုင်ရာ အရန်တပ်ဖွဲ့များ၏ လေ့ကျင့်မှုတစ်ခုလုံး ပြန်လည်မွမ်းမံရေးအတွက် လူထုထောက်ခံမှု တိုးလသလို အနာဂတ်တွင် တရုတ်၏ ကျူးကျော်မှုမှန်သမျှကို အလုံးစုံကာကွယ်မှုမှ သေချာစေရန် မဖြစ်မနေ စစ်မှုထမ်းသက်တမ်းကို လိုအပ်ပါက တိုးမြှင့်မည်ဖြစ်ကြောင်း Asia Times က ဖော်ပြခဲ့သည်။

ယူကရိန်းတွင် ရုရှား၏ ကျူးကျော်မှုသည် တစ်လနီးပါးပင်ရှိပြီဖြစ်ပြီး ယူကရိန်းမြို့ကြီးများကို ရုရှား၏ ဗုံးကြဲ တိုက်ခိုက်မှုသည် ရပ်တန့်ခြင်းမရှိဘဲ အရှေ့ဥရောပသို့အထိရောက်ရှိလာသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းကို ပိုမိုဆိုးရွားလာစေသည်။

မတ်လ ၁၈ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်တို့သည် ယူကရိန်း အခြေ အနေ ကို ၂ နာရီခန့် ဆွေးနွေးခဲ့ကြသည်။

တရုတ်ဘက်မှ ဆွေးနွေးမှုအနှစ်ချုပ်တွင် ယခုဖြစ်ရပ်သည် ၎င်းတို့ မြင်ချင်သည့် အရာများမဟုတ်ကြောင်းနှင့် နိုင်ငံများ သည် စစ်မြေပြင်တွင် တွေ့ဆုံရန် မဖြစ်သင့်ကြောင်း ဖြစ်ရပ်များက ထပ်မံဖော်ပြနေသည် ရှီက ဘိုင်ဒင်အား ပြောကြားခဲ့သည်။

ယူကရိန်းနှင့် ရုရှားတို့ကို ထောက်ခံမှုနှင့်ပတ်သက်၍ တရုတ်အရာရှိအချို့က ကွဲလွဲနေသော ကြေညာချက်များ ထုတ်ပြန်ပြီးနောက် ဘိုင်ဒင်က ဆွေးနွေးရန် တောင်းဆိုခဲ့သည်။

ယူကရိန်းတွင် ရုရှား၏ စစ်ရေးလှုပ်ရှားမှုများကို တရုတ်က ပစ္စည်းအထောက်အပံ့များပေးနေသည်ဆိုပါက အကျိုးဆက်များကိုလည်း ဘိုင်ဒင်က သတိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly