တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်လက်နက်ထိန်းချုပ်ခြင်းဆိုင်ရာ အမိန့်ညွှန်ကြားချက်ကို လက်မှတ်ရေးထိုး

By ANI
23 March 2022
တရုတ်သမ္မတ ရှီကျင့်ဖျင်က စစ်လက်နက်ထိန်းချုပ်ခြင်းဆိုင်ရာ အမိန့်ညွှန်ကြားချက်ကို လက်မှတ်ရေးထိုး
Photo: EPA

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် နိုင်ငံ၏ဝယ်ယူမှုလုပ်ငန်းစဉ် ထိရောက်တိုးတက်စေရန် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးစာချုပ်များထိန်းချုပ်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းထားသည့် အမိန့် ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးလိုက်သည်။

အခန်း ၆ ခန်းနှင့် ပုဒ်မ ၃၅ ခုပါဝင်သော စည်းမျဉ်းစည်းကမ်းများသည် မတ်လ ၂၀ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်သည်။

၁၃ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ၅ နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲနေ့တွင် တရုတ်နိုင်ငံက ၂၀၂၂ ခုနှစ်အတွက် ၎င်း၏ကာကွယ်ရေးအသုံးစရိတ်ကို ကြေညာပြီးနောက် ၁ လမပြည့်မီတွင် ယခု အမိန့်ညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် တရုတ်စစ်အသုံးစရိတ်ဆိုင်ရာ နှစ်စဉ်ကြေညာချက်များသည် သတင်းခေါင်းကြီးပိုင်းများတွင် နေရာယူနေကျဖြစ်သော်လည်း ၂၀၂၂ ခုနှစ်တွင် ပေကျင်း၏ကာကွယ်ရေးအသုံးစရိတ် ၇ ဒသမ ၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ခြင်းအကြောင်းကို ရုရှားနှင့် ယူကရိန်းကြားစစ်ပွဲသတင်းက ဖုံးလွှမ်းသွားခဲ့သည်။

ငွေကြေးအရ တရုတ်၏ ၂၀၂၂ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၂၉ ဒသမ ၃၉ ဘီလီယံဖြစ်သည်။ယမန်နှစ်က တရုတ်နိုင်ငံ၏ အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၂၀၉ ဒသမ ၄ ဘီလီယံအထိရှိခဲ့ကာ၆ ဒသမ ၈ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။

ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ နီးပါးခန့် ထပ်ဆောင်းလာခြင်းသည် ယခင်က တိုးခဲ့သည့် ကာကွယ်ရေးအသုံးစရိတ်များအနက် အများဆုံးဖြစ်သည်။ ကာကွယ်ရေးအသုံးစရိတ်အတွက် တစ်နှစ်ထက်တစ်နှစ် ဆက်တိုက် တိုးလာခြင်းကတရုတ်စစ်တပ် (PLA)သည် ပင်ကိုယ်အားဖြင့် နိုင်ငံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ထင်ရှားစေသည်။

ခြိမ်းခြောက်မှုသဘောထားများ အချိန်နှင့်အမျှ ပြောင်းလဲသွားသော်လည်း တရုတ်သည် တိုးတက်မှုဆိုင်ရာ မည်သို့သောအကြောင်းရင်းခံများ ရှိနေစေကာမူ တရုတ်စစ်တပ်(PLA) အတွက် အသုံးစရိတ်ကို ဦးစားပေးကာ ဆက်လက်လုပ်ဆောင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly