နှစ်နိုင်ငံ စီမံကိန်းများကို တွန်းအားပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး နီပေါသို့ သွားမည်

နှစ်နိုင်ငံ စီမံကိန်းများကို တွန်းအားပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး နီပေါသို့ သွားမည်
Photo: EPA

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမြောက် ပိုးလမ်းမရပ်ဝန်းစီမံကိန်း(BRI) ကို အကောင်အထည်ဖော်ရန် နီပေါနိုင်ငံသို့ မတ်လအတွင်း သွားရောက်မည်ဖြစ်သည်။

ယင်းခရီးစဉ်အတွင်းဝမ်ယိသည် အနည်းဆုံးစီမံကိန်း ၂ ခုကို လက်မှတ်ရေးထိုးမည့်ပုံပေါ်ကြောင်း Kathmandu Post သတင်းတွင် ဖော်ပြထားသည်။

နီပေါနိုင်ငံသည် BRI သဘောတူညီချက်ကို ၂၀၁၇ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ထိုအချိန်က ယင်းဖြစ်ရပ်ကို နီပေါနှင့် တရုတ်ဆက်ဆံရေးအတွက် အရေးပါသော အပြောင်းအလဲအဖြစ် သတ်မှတ်ခံခဲ့ ရသည်။

သို့သော်လည်း တရုတ်၏ အခြေခံအဆောက်အအုံဆိုင်ရာ အစီအစဉ်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကြောင့် မည်သည့်စီမံကိန်းမှ အကောင်အထည် မပေါ်ခဲ့ပေ။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် နီပေါရှိ BRI စီမံကိန်းများနှင့် ပတ်သက်၍ ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံစလုံးမှ စီမံကိန်းများ ရွေးချယ်ရေးအတွက် ပူးတွဲလုပ်ငန်းစဉ်တစ်ရပ်ထူထောင်သင့်ကြောင်း အကြံပြုခဲ့သည်။

BRI စီမံကိန်းများ အကောင်အထည်ဖော်ရန် ကုန်ကျစရိတ် ကြီးလွန်းသည့် စီးပွားရေးဆန်ဆန် ချေးငွေယူခြင်းကို ရှောင်ရှားရန်လည်း အကြံပြုချက်များတွင် ပါဝင်ကြောင်း နီပေါအစိုးရအရာရှိတစ်ဦးက ပြောကြားသည်။

အကြံပြုချက်များတွင် ဈေးကြီးလွန်းသည့်အတွက် စီးပွားဖြစ်ချေးငွေများကို ရှောင်ရန်လည်း ပါဝင်သည်။

“ မိမိတို့နိုင်ငံ၏ စီးပွားရေးသည် စီးပွားဖြစ်ချေးငွေများအတွက် မတတ်နိုင်လောက်အောင် သေးငယ်လွန်း သောကြောင့် ထိုကဲ့သို့သောချေးငွေများကို ရှောင်ရှားသင့်သည်" ဟု နီပေါဘဏ္ဍာရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက Post အား ပြောကြားခဲ့သည်။

၂၀၁၃ခုနှစ်တွင် စတင်အကောင်ထည်ဖော်ခဲ့သည့်အချိန်မှစ၍ BRI သည် လွယ်ကူသော ချေးငွေများ ကြောင့် ကမ္ဘာ့နိုင်ငံများသို့ လွယ်ကူစွာ ရောက်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required