တရုတ်စစ်ရေးလေ့ကျင့်မှုက တောင်တရုတ်ပင်လယ်အရေးကို အကျပ်ကိုင်ရန် ရည်ရွယ်

By ANI
23 March 2022
တရုတ်စစ်ရေးလေ့ကျင့်မှုက တောင်တရုတ်ပင်လယ်အရေးကို အကျပ်ကိုင်ရန် ရည်ရွယ်

တရုတ်က တောင်တရုတ်ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် မဖြတ်သန်းရဇုန်သတ်မှတ်ချက်ကို ဆက်လက်ထားရှိသောကြောင့် ၎င်း၏ ရေပိုင်နက်ဆိုင်ရာ ထုတ်ပြန်ချက်များကို တွန်းအားပေးရန် ယင်းသတ်မှတ်ချက်ကို အသုံးချနိုင်ကြောင်း လေ့လာသုံးသပ်သူများက ယုံကြည်ထားသည်။

အဆိုပါ လေ့ကျင့်ခန်းများသည် မကြာသေးမီနှစ်များအတွင်း ပိုမိုပြင်းထန်သော လေ့ကျင့်ခန်းများပြုလုပ်သည့် ပုံမှန်လေ့ကျင့်ခန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း စင်ကာပူနိုင်ငံ အက်ရာဂျာရာနမ် နိုင်ငံတကာ လေ့လာရေး ကျောင်း မှ သုတေသီ ကောလင်ခိုဆွီလာက VnExpress International သို့ ပြောကြားခဲ့သည်။

“ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ ကြေညာချက်နဲ့လည်းတိုက်ဆိုင်နေပုံရပါတယ်”

တရုတ်နိုင်ငံ၏ ရေတပ်တိုးချဲ့မှုနှင့် တရားမဝင်တည်ဆောက်ထားသော ကျွန်းတုများတွင် စစ်စခန်းများ ထူထောင်မှုတို့ကြောင့် တောင်တရုတ်ပင်လယ်ဧရိယာအတွင်း တင်းမာမှုများ ဆက်လက်မြင့်တက်လျက်ရှိသည်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို တရုတ်နိုင်ငံက တစ်ဖက်သတ်နှင့် တရားမဝင်သတ်မှတ်ထား သည်ဟုဆိုသော နယ်မြေ ၉ နေရာ သတ်မှတ်ချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပြတ်သားစွာ ပယ်ချခဲ့သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် နိုင်ငံတကာအသိုက်အဝန်းက အကြိမ်ကြိမ်က ဝိုင်းဝန်းပယ်ချခဲ့သည့် ယင်းနယ်မြေ အတွင်းရှိ ပင်လယ်ပြင်ကို တရုတ်က ဆက်လက်ထိန်းချုပ်သွားရန် ရေရှည် အစီအစဉ်

တစ်ရပ်ဖြစ်ကြောင်း သြစတြေးလျနိုင်ငံ ဂရစ်ဖစ်အာရှ ရေးရာဌာနမှ လာရောက်လေ့လာသူ ပီတာလေတွန်က ပြောကြားခဲ့သည်။

ဗီယက်နမ်က အရှေ့ပင်လယ်ဟု သတ်မှတ်ထားသည့် တောင်တရုတ်ပင်လယ်၌ အနာဂတ်တွင် အင်အား အသုံးပြုမှုမှန်သမျှကို တရားဝင်စေရန် တရုတ်က ပင်လယ်ပြင်၏ ၈၀ ရာခိုင်နှုန်းတွင်သွားလာနေသော ရေယာဉ်များကို အာဏာသက်ရောက်နိုင်မည့် ဥပဒေအများအပြားကို ပြဌာန်းရေးဆွဲခဲ့သည်။

ယင်းကဲ့သို့ လုပ်ပိုင်ခွင့်အာဏာများတွင် သင်္ဘောပေါ်တက်ခြင်း၊ စစ်ဆေးခြင်းနှင့် လိုအပ်ပါက လက်နက်ကိုင် အင်အားသုံးခြင်းတို့ ပါဝင်သည်။

ယူကရိန်းပဋိပက္ခအပေါ် နိုင်ငံတကာအသိုက်အဝန်းက အာရုံစိုက်နေချိန်တွင် တောင်တရုတ်ပင်လယ်၌ တရုတ်က ၎င်း၏ ထုတ်ပြန်ချက်များကို အားကောင်းစေရန် းစစ်ရေးလေ့ကျင့်မှုကို အသုံးပြုလိမ့်မည်ဟု ကျွမ်းကျင်သူတစ်ဦးက ယူဆထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly