တရုတ်က ကြိုတင်အကြောင်းမကြားဘဲ နယ်စပ်ဂိတ်ပိတ်သဖြင့် နီပေါကုန်သည်များ အရှုံးပေါ်

တရုတ်က ကြိုတင်အကြောင်းမကြားဘဲ နယ်စပ်ဂိတ်ပိတ်သဖြင့် နီပေါကုန်သည်များ အရှုံးပေါ်

ကမ္ဘာ့နိုင်ငံများသည် ကပ်ရောဂါအကျပ်အတည်းအကြားရောက်ရှိနေချိန်တွင် နီပေါနိုင်ငံမှ ကုန်သည်များသည် တရုတ်လက်ထဲဝယ် အဆင်မပြေလှသော အပေးအယူများ ရှိနေသည်။ နီပေါကုန်သည်များသည် တရုတ်၏ ကြိုတင်အကြောင်းမကြားသော နယ်စပ်ဂိတ်ပိတ်မှုဒဏ်ကိုခံနေရကာ ဆုံးရှုံးမှုများစွာ ကြုံတွေ့နေရသည်။

အခက်အခဲဖြစ်နေသော ကုန်သည်များသည် ယခုအခါ တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အပေါ် မျှော်လင့်ချက်ထားနေကြရသည်။

နီပေါသည် အသင့်ဝတ်အထည်များ၊ အလှကုန်ပစ္စည်းများ၊ ဖိနပ်များ၊ လူသုံး အီလက်ထရွန်နစ်ပစ္စည်းများနှင့် စာရေးကိရိယာပစ္စည်း အစရှိသည်တို့ကို တရုတ်နိုင်ငံမှ တင်သွင်းပြီး သတ္တုရုပ်တုများကဲ့သို့သော လက်မှုပစ္စည်းများကို တင်ပို့သည်။

နီပေါနှင့် တရုတ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုကို ဟီလ်ဆာ၊ နာချာ၊ ကိုရာလာ၊ ဂေါ်ခါလာကာ၊ ရာဆူဝါဂါဒီ၊ တာတိုပါနီ၊လာမာဘာဂါ၊ ကီမာသန်ခါနှင့် အိုလန်ချန်ဂိုလာ အပါအဝင် ကုန်သွယ်မှုလမ်းကြောင်း ၉ ခုဖြင့်ဖြတ်သန်းလျက်ရှိပြီး ၎င်းတို့အနက် ရာဆူဝါဂါဒီနှင့်တာတိုပါနီတို့သည် ကုန်သွယ်ရေးရှုထောင့်အရ အရေးပါဆုံးဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလကတည်းက ပိတ်ထားသည်။

တရုတ်နိုင်ငံသည် အဝတ်အစား၊ ဖိနပ်၊ အလှကုန်၊ အီလက်ထရွန်းနစ်နှင့် စက်မှုကုန်ကြမ်းများ သယ်ဆောင်သည့် ကွန်တိန်နာ ၂၀၀၀ နီးပါးကို နီပေါသို့ဝင်ရောက်ခွင့်တားမြစ်ထားသည်။

ကိုဗစ်-၁၉ကာကွယ်တားဆီးရေးကို အကြောင်းပြလျက် တရုတ်နိုင်ငံသည် အဓိကနယ်စပ်ဂိတ်နှစ်ခုဖြစ်သည့် တာတိုပါနီနှင့် ရာဆူဝါဂါဒီဂိတ်တို့ကို တစ်နေ့လျှင် ဂိတ်တစ်ခုအလှည့်ကျဖြင့်ကုန်တင်ကား ၄ စီးမှ ၅ စီးအထိသာ နီပေါသို့ ဝင်ရောက်ခွင့်ပြုထားသည်။

နီပေါ-တရုတ်နယ်စပ်ရှိ ရာဆူဝါဂါဒီနှင့် တာတိုပါနီစစ်ဆေးရေးဂိတ်များတွင် တရုတ်နိုင်ငံ၏ ပိတ်ဆို့ထားမှုကို နီပေါစီးပွားရေးသမားများက ဆန္ဒပြနေကြပြီး နီပေါ-တရုတ်နယ်စပ်တွင် ကုန်စည်စီးဆင်းမှု ချောမွေ့စေရန် တောင်းဆိုခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့သည်။

တရုတ်သယ်ယူပို့ဆောင်ရေးဝန်ထမ်းများည် နီပေါကုန်သည်များကို အနှောင့်အယှက်ဖြစ်စေရန်၂၆ ကီလိုမီတာအရှည်နီးပါး လမ်းပိုင်းတစ်လျှောက် ကုန်စည်ပို့ဆောင်ခကို ယွမ် ၁၅,၀၀၀ - ၁၆,၀၀၀ မှ ၆၀,၀၀၀ - ၆၅,၀၀၀ အထိ တိုးမြှင့်ကောက်ခံခဲ့သည်။

ပိုဆိုးသည်မှာ တရုတ်အစိုးရက နီပေါကုန်သည်များကို ဗီဇာမထုတ်ပေးခြင်းဖြစ်သည်။

နယ်စပ်ကို ပိတ်လိုက်ခြင်းကြောင့် ကုန်သည်များ နစ်နာရုံသာမက အစိုးရမှာလည်း ဝင်ငွေခွန် ဆုံးရှုံးခဲ့ရသည်။ ကုန်သွယ်မှုနှင့်ပို့ကုန်မြှင့်တင်ရေးစင်တာ၏ အဆိုအရ တရုတ်နိုင်ငံမှ တင်သွင်းမှုသည် တစ်နှစ်ထက်တစ်နှစ် ၁၈ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly