တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံရေးရန်ဘက်များကို ချေမှုန်းရန် ပါတီကို အသုံးချနေ

22 March 2022
တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံရေးရန်ဘက်များကို ချေမှုန်းရန် ပါတီကို အသုံးချနေ

တရုတ်ကွန်မြူနစ်ပါတီ (CCP) က အကျင့်ပျက်ခြစားမှုများကို ကိုင်တွယ်ဆောင်ရွက်သည့် နိုင်ငံရေး ကိရိ ယာဖြစ်သော စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင် (CCDI) အား သမ္မတ ရှီကျင့်ဖျင်က ၎င်း၏ နိုင်ငံရေးရန်ဘက်များကို ချေမှုန်းရန် အသုံးချလျက်ရှိသည်။

အဆိုပါ ကော်မရှင်သည် အကျင့်ပျက်ခြစားမှုအပေါ် စစ်ဆေးခြင်းမှ အမှုအကျင့်ပြုပြင်ခြင်း/ ဗျူရိုကရေစီ စွမ်းဆောင်ရည် အားနည်းခြင်း အကြောင်းအရာသို့ အာရုံစိုက်မှု ပြောင်းလဲခဲ့သည်။

စည်းကမ်းစစ်ဆေးရေးဗဟိုကော်မရှင် (CCDI) မှ ကိုင်တွယ်သည့် အမှုအခင်းများကို အကဲဖြတ်ခြင်းဟူသည့် နိုင်ငံရေး ကိရိယာသည် တရုတ်သမ္မတရှီကျင့်ဖျင်၏ နိုင်ငံရေးရန်ဘက်များကို ဖယ်ရှားရန် စတင် လုပ်ဆောင် နေပြီ ဖြစ်သည်။

CCDI မှ ကိုင်တွယ်သည့် ၂၀၁၉-၂၀၂၁ ခုနှစ်အတွင်း အမှုတွဲများ၏ အကဲဖြတ်ချက်တစ်ခုတွင် ငွေကြေး အကျင့် ပျက်ခြစားမှု ၄၆ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက အမှုပေါင်း ၅၄ ရာခိုင်နှုန်းကျော်သည် စွမ်းဆောင်ရည်နှင့် ဆက်စပ်နေကြောင်း တွေ့ရှိရသည်။

ယင်းအချက်က ထိရောက်မှု သို့မဟုတ် ပြည်သူများနှင့် ထိတွေ့မှုအားနည်းခြင်းကဲ့သို့သော ပါတီ၏ ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသည့်အတွက် ပါတီက အရာရှိ/ကေဒါများကို ပစ်မှတ်ထား စတင် လုပ်ဆောင် နေပြီဖြစ်ကြောင်း ဖော်ပြနေသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်း၏ အဓိကပစ်မှတ်မှာ 'ကျားများ ' ဟု အုပ်စုသတ်မှတ်ထားသည့် အကြီးတန်းအရာရှိများ မှ ‘ယင်ကောင်များ’(ခရိုင်အဆင့်အရာရှိများ) သို့လည်း ပြောင်းလဲခဲ့သည်။ ၂၀၁၇ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း CCDI မှ စွဲချက်တင်ထားသော ခရိုင်အဆင့်အရာရှိများ၏ အရေအတွက်သည် ၂၀ ရာခိုင်နှုန်း နီးပါး မြင့်တက်လာခဲ့သည်။

အောက်ခြေအဆင့်တွင် အဂတိလိုက်စားမှုသည် ပါတီ၏ တရားဝင်မှုကို ခြိမ်းခြောက်နိုင်သောကြောင့် CCDI အား ဒေသအဆင့်အထိ အာရုံစိုက်ရန် ခေါင်းဆောင်များက ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly