နောက်ခံလူ အိုင်ဗန်နိုဗစ်ချ်ကို ချယ်လ်ဆီးအသင်း တစ်နှစ်သက်တမ်းတိုး

နောက်ခံလူ အိုင်ဗန်နိုဗစ်ချ်ကို ချယ်လ်ဆီးအသင်း တစ်နှစ်သက်တမ်းတိုး

လန်ဒန်၊ ဇန်နဝါရီ ၂၃ ။             ။ ချယ်လ်ဆီးအသင်းသည် အဓိက နောက်ခံကစားသမား တစ်ဦးဖြစ်သည့် အိုင်ဗန်နိုဗစ်ချ်ကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် အိုင်ဗန်နိုဗစ်ချ်သည် ချယ်လ်ဆီးအသင်းတွင် ၂၀၁၇ ခုနှစ်အထိ ဆက်ရှိနေတော့မည် ဖြစ်သည်။

အိုင်ဗန်နိုဗစ်ချ်၏ လက်ရှိစာချုပ်မှာ ရာသီအကုန်တွင် ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းဖြစ်သည့် မန်စီးတီး၊ အေစီမီလန်၊ အင်တာမီလန်နှင့် ဇင်းနစ်အသင်းတို့က ခေါ်ယူရန် ချိတ်ဆက်ခဲ့ကြသည်။ သို့သော် လန်ဒန်ကလပ်တွင် ရှစ်နှစ်ကြာကစားလာခဲ့သည့် အိုင်ဗန်နိုဗစ်ချ်က ချယ်လ်ဆီးအသင်းကို ဆက်လက် ကူညီရန်သာ ဆုံးဖြတ်ခဲ့သည်။

စာချုပ်သစ်ချုပ်ဆိုပြီးနောက်တွင် အိုင်ဗန်နိုဗစ်ချ်က ချယ်လ်ဆီးအသင်းသည် ၎င်း၏အိမ်ပင်ဖြစ်ကြောင်းနှင့် ဒီအသင်းမှာ ကစားရသည်ကို အလွန်ပျော်ရွှင်ကျေနပ်ကြောင်း ပြောဆိုခဲ့သည်။

ချယ်လ်ဆီးအသင်းနည်းပြ ဂုစ်ဟစ်ဒင့်ကလည်း အိုင်ဗန်နိုဗစ်ချ်သည် အသင်းအတွက် အရေးပါသည့် အဓိက ကစားသမားတစ်ဦးဖြစ်ကြောင်း ပြောသည်။

အိုင်ဗန်နိုဗစ်ချ်သည် ချယ်လ်ဆီးအသင်းတွင် ပရီးမီးယားလိဂ်ဖလား နှစ်လုံး၊ အက်ဖ်အေဖလားသုံးလုံး၊ ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားနှင့် ကက်ပီတယ်လ်ဝမ်းဖလားတို့ကို ရယူနိုင်ခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly