လွန်ခဲ့သည့်နှစ်က ဒုက္ခသည် ၂၇ ဦးကိုသာ ဂျပန်က လက်ခံခဲ့ပြီး လျှောက်ထားသူ ၉၉ ရာခိုင်နှုန်းကို ပယ်ချခဲ့

လွန်ခဲ့သည့်နှစ်က ဒုက္ခသည် ၂၇ ဦးကိုသာ ဂျပန်က လက်ခံခဲ့ပြီး လျှောက်ထားသူ ၉၉ ရာခိုင်နှုန်းကို ပယ်ချခဲ့

တိုကျို၊ ဇန်နဝါရီ ၂၃ ။            ။ ဒုက္ခသည်များ ပိုမိုလက်ခံရန် လူ့အခွင့်အရေးအုပ်စုများက ဂျပန်အစိုးရကို တိုက်တွန်းနေသော်လည်း ဂျပန်သည် လွန်ခဲ့သည့်နှစ်က ဒုက္ခသည် ၂၇ ဦးကိုသာ လက်ခံခဲ့ပြီး လျှောက်ထားသူ အားလုံးနီးပါးကို ပယ်ချခဲ့သည်ဟု အရာရှိများက ဇန်နဝါရီ ၂၃ တွင် ပြောသည်။

ဂျပန်သည် ၎င်း၏နိုင်ငံတွင်းနေ လူ့အဖွဲ့အစည်းအတွင်းသို့ ဒုက္ခသည်အများအပြားစီးဝင်လာမည်ကို ကာလကြာမြင့်စွာ စိုးရိမ်နေပြီး လက်ခံသည့် ဒုက္ခသည်အရေအတွက်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ထားသည်။

ဒုက္ခသည်အဆင့်အတန်းရရှိရန် ကြိုးစားသူ ထောင်ပေါင်းများစွာတွင် ဆီးရီးယားလူမျိုးငါးဦးပါဝင်ခဲ့သော်လည်း သုံးဦးကိုသာ ဂျပန်က လက်ခံခဲ့သည်။ လွန်ခဲ့သည့်နှစ်က စစ်ဒဏ်ခံ ဆီးရီးယားမှ ဥရောပသို့ ဝင်ရောက်လာသည့် ဆီးရီးယားလူမျိုးအရေအတွက်မှာ လွန်စွာများပြားခဲ့သည်။

၂၀၁၅ ခုနှစ်က ဒုက္ခသည်အဖြစ်လျှောက်ထားသူပေါင်း ၇,၅၈၆ ဦးရှိသည်ဟု တရားရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့ရာ ၉၉ရာခိုင်နှုန်းကျော်မှာ ပယ်ချခံရသည်။ ဂျပန်လက်ခံခဲ့သော အခြားလျှောက်ထား သူများတွင် အာဖဂန်မှ ခြောက်ဦး၊ အီသိုယိုးပီးယား သုံးဦးနှင့် သီရိလင်္ကာ သုံးဦးပါဝင်သည်။

လွန်ခဲ့သည့်နှစ်က လက်ခံခဲ့သည့် ဒုက္ခသည်အရေအတွက်မှာ ၂၀၁၄က ၁၁ဦး၊ ၂၀၁၃ က ခြောက်ဦးနှင့် နှိုင်းယှဉ်လျင် ခုန်တက်လာခြင်းဖြစ်သည်ဟု ဝန်ကြီးဋ္ဌာနက ဆိုသည်။

မကြာသေးမီနှစ်များအတွင်း တိုးတက်မှုရှိလာသော်လည်း နောက်ထပ်လျှောက်ထားသူများကို လက်ခံသွားမည်ဟု ဂျပန်ဒုက္ခသည်များအဖွဲ့က ပြောသည်။ ဂျပန်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၊ အဲန်ဂျီအိုအဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများပြုလုပ်ကာ နိုင်ငံတကာစံနှုန်းနှင့် အညီ ဒုက္ခသည်များကို အတည်ပြုလက်ခံရေးမြန်မြန်ဆန်ဆန်စဉ်းစားမည်ဟု မျှော်လင့်ကြောင်း ယင်းအဖွဲ့ ကပြောသည်။

လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ တင်းမာသည့် ဆက်ဆံမှု၊ ထိန်းသိမ်းရေးစခန်းများရှိ အခြေအနေများနှင့် ပတ်သက်၍ ဂျပန်ရှိ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ရှေ့နေများနှင့် ရွှေ့ပြောင်း အခြေချ လူ့အသိုင်းအဝိုင်းများက မကျေမနပ်ပြောဆိုနေသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ဂျပန်တွင် ဒုက္ခသည်ပေါင်း ၂,၄၁၉ဦးရှိသာရှိပြီး ၎င်း၏မဟာမိတ် အမေရိကန်တွင် ၂၆၇,၂၂၂ဦးနှင့် တူရကီက ၁ဒသမ၈သန်းအထိရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly