ကနေဒါတွင် စာသင်ကျောင်းအတွင်း ပစ်ခတ်မှုဖြစ်၊ လေးဦးသေဆုံး

ကနေဒါတွင် စာသင်ကျောင်းအတွင်း ပစ်ခတ်မှုဖြစ်၊ လေးဦးသေဆုံး

အော့တဝါ၊ ဇန်နဝါရီ ၂၃ ။           ။ ကနေဒါနိုင်ငံ စာစကတ်ချီဝန် ပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းအတွင်း သေနတ်ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွား၍ လူလေးဦးသေဆုံးကြောင်း ရဲက ပြောသည်။

လာလိုချီစာသင်ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး ပစ်ခတ်မှု သံသယရှိသူ အမျိုးသားအား ဖမ်းဆီးထားပြီး ကလေးများကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးထားသည်။

အစောပိုင်းသတင်းများက သေဆုံးသူမှာ ငါးဦးရှိကြောင်း ဖော်ပြသည်။

စာသင်ကျောင်းပစ်ခတ်မှုက မိဘများအားလုံးအတွက် အဆိုးဆုံးခြောက်လှန့်မှုဖြစ်ကြောင်း ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်းထရူဒီအောက ပြောသည်။

ကြောက်လန့်အော်သစ်သံများ ကြားရပြီး သေနတ်ပစ်ခတ်သံ ခြောက်ချက်ကျော် ကြားရကြောင်း မျက်မြင်တစ်ချို့က ပြောသည်။

ကနေဒါတော်ဝင်ရဲတပ်ဖွဲ့မှ အကြီးတန်းတာဝန်ရှိသူ မူရင်းလီဗိုင်းက သံသယရှိသူကို လက်နက်နှင့်အတူ ဖမ်းမိပြီး ချုပ်နှောင်ထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“အခုတော့ ပြည်သူတွေအတွက် လုံခြုံမှုရှိနေပါပြီ။ အမှန်ကို ဝမ်းနည်းစရာဖြစ်ရပ်ပါပဲ။”ဟု ၎င်းက ပြောသော်လည်း အသေးစိတ်ကိုမူ ပြောကြားခြင်းမရှိပေ။

ထိုပြင် အခြားတစ်နေရာတွင်လည်း ပစ်ခတ်မှုတစ်ရပ်ဖြစ်ပွားကြောင်းသိရပြီး ရဲများက ယင်းပစ်ခတ်မှုကို စုံစမ်းထောက်လှမ်းလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly