ကန်ကြီးထောင့်မြို့နယ်တွင် COVID-19 ကာကွယ်ဆေးမထိုးပါက အရေးယူခံရမည်ဟု လိုက်လံကြေညာ

ကန်ကြီးထောင့်မြို့နယ်တွင် COVID-19 ကာကွယ်ဆေးမထိုးပါက အရေးယူခံရမည်ဟု လိုက်လံကြေညာ

မတ်လ ၂၀ ရက်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက COVID-19 ကာကွယ် ဆေးမထိုးလျှင် အရေးယူခံရမည်ဟု လိုက်လံကြေညာ နေကြောင်း ဒေသခံများထံက သိရသည်။

ထိုသို့လိုက်ခံကြေညာနေသည့် အုပ်ချုပ်ရေးမှူးများသည် ကန်ကြီးထောင့်မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ စေခိုင်းချက်အရ လိုက်လံကြေညာနေခြင်းဖြစ်ကြောင်း ဒေသခံကပြောသည်။

"အုပ်ချပ်ရေးမှူးတွေက ရွာထဲမှာ COVID-19 ကာကွယ်ဆေးမထိုးရင် အဖမ်းခံရမယ်၊အရေးယူခံရမယ်ဆိုပြီး လော်စပီကာနဲ့လိုက်အော်နေတာပါ၊တချို့ရွာတွေမှာဆိုရင် အုပ်ချုပ်ရေးမှူးတွေက တစ်အိမ်တက်ဆင်းလိုက်ပြောနေတယ်လို့လည်းကြားတယ်၊စစ်တပ်က ဦးဆောင်ပြီးထိုးပေးတဲ့ဆေးဆိုတော့ ဘယ်သူမှမထိုးချင်ကြဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

COVID-19 ကာကွယ်ဆေးထိုးသည့် လုပ်ငန်းများအား ကျန်းမာရေးဌာနက ဦးဆောင်၍လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း၊ ကန်ကြီးထောင့်မြို့ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက ဦးဆောင်ကာ ကာကွယ်ဆေးထိုးရန်အတွက် ပြုလုပ်နေခြင်းဖြစ်ကြောင်း ကန်ကြီးထောင့်မြို့ပေါ်နေ ပြည်သူတစ်ဦးက ပြောသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်လဝါရီလမှ စတင်ကာ လက် ရှိအချိန်အထိ COVID-19 ရောဂါပိုးကူးစက်ခံထားရသူဦးရေ ၁၃၀ ကျော်ခန့် ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required