နီပေါပိုင်နက်အတွင်းသို့ တရုတ် ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း အစီရင်ခံစာ ဖော်ပြ

နီပေါပိုင်နက်အတွင်းသို့ တရုတ် ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း အစီရင်ခံစာ ဖော်ပြ

တရုတ်နိုင်ငံနှင့် ခွဲဝေထားသော နယ်စပ် တစ်လျှောက် နီပေါပိုင်နက်အတွင်းသို့ တရုတ်က ကျူးကျော် ဝင်ရောက်ခဲ့သည်ဟု နီပေါအစိုးရ၏ ၂၀၂၁ခုနှစ် စက်တင်ဘာလ ရက်စွဲပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

နီပေါနိုင်ငံအနောက်ဘက်စွန်းရှိ ဟမ်လာခရိုင်တွင် တရုတ်က ပိုင်နက်ကျူးလွန်ကြောင်း သတင်းရရှိပြီးနောက် အဆိုပါ အစီရင်ခံစာတွင် တရုတ်တပ်ဖွဲ့ဝင်များက နီပေါနယ်စပ်ရဲများကို ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

တရုတ်လုံခြုံရေးတပ်ဖွဲ့များသည် လာလန်ဂုံး ဟုခေါ်သော နီပေါနယ်စပ်ရှိ နေရာတစ်ခုတွင် ဘာသာရေး လှုပ်ရှားမှုများကို တားမြစ်ပိတ်ပင်ထားသည်ဟု အစီရင်ခံစာက ဆိုသည်။

တရုတ်နိုင်ငံသည် နီပေါလယ်သမားများ၏ ကျွဲနွားစားကျက်များကို ကန့်သတ်ထားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် နယ်ခြားမှတ်တိုင်တစ်ဝိုက်တွင် ခြံစည်းရိုးခတ်ခဲ့ပြီး နီပေါနယ်စပ်ဘက်ခြမ်းတွင် တူးမြောင်းနှင့် လမ်းဖောက်လုပ်ရန် ကြိုးပမ်းနေကြောင်း တွေ့ရှိခဲ့ရသည်။

နီပေါလုံခြုံရေးတပ်ဖွဲ့ဝင်များကို နယ်မြေလုံခြုံရေးတိုးမြှင့်ရန် အစီရင်ခံစာတွင် အကြံပြုထားသည်။

နီပေါအစိုးရက အဆိုပါအစီရင်ခံစာနှင့် ပတ်သက်၍ နှုတ်ဆိတ် နေခဲ့သော်လည်း ပြင်ပသို့ သတင်း ပေါက်ကြားခဲ့သည်။

အမှန်တကယ်ဖြစ်သည့် အထောက်အထားများရှိသော်လည်း အဆိုပါအစီရင်ခံစာသည် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ရပ်တန့်နေသည်။

အစီရင်ခံစာပေါက်ကြားပြီးနောက် “အိမ်နီးနားချင်းနိုင်ငံတွေနဲ့ နယ်နိမိတ်ပြဿနာမှန်သမျှကို သံတမန်နည်းအရ ဖြေရှင်းရလိမ့်မယ်” ဟု နီပေါဆက်သွယ်ရေးဝန်ကြီးကာကီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly