တိဘက် အရေးတော်ပုံအထိမ်းအမှတ်အဖြစ် ဂျပန်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်

တိဘက် အရေးတော်ပုံအထိမ်းအမှတ်အဖြစ် ဂျပန်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ တရုတ် သံရုံးအပြင်ဘက်တွင် ၆၃ နှစ်မြောက် တိဘက် အမျိုးသား အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ဆန္ဒပြပွဲများကို တိဘက်အသိုင်းအဝိုင်းမှ အဖွဲ့ဝင်များနှင့် အခြားတက်ကြွလှုပ်ရှားသူများက မတ်လ ၁၂ရက်တွင် ပြုလုပ်ခဲ့သည်။

၁၉၅၀ ပြည့်နှစ်ကတည်းက တရုတ်၏ တရားမဝင် သိမ်းပိုက်ခံထားရသည့် ၎င်းတို့၏ မွေးရပ်မြေကို အမှတ်ရ သည့် အနေဖြင့် ဆန္ဒပြသူများက တိဘက်တွင် ၎င်းတို့၏ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဘဝနေထိုင်မှုပုံစံများ

ဆုံးရှုံးခဲ့ရသည်ကို ပြန်လည်အမှတ်ရကာ တိဘက်လွတ်မြောက်ရေးအတွက် ၎င်းတို့နှင့်အတူ ကမ္ဘာက ပူးပေါင်းပါဝင်ရန် တိုက်တွန်းခဲ့ကြသည်။

အဆိုပါနေ့ ညနေပိုင်းတွင် ထောက်ခံသူများ ပိုမိုပူးပေါင်းလာခဲ့ကြပြီး ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ သင်္ကေတများပေါများသည့် လူစည်ကားသော နေရာဖြစ်သော အေဆာကုစတွင် လူ ၆၀ ကျော် စုဝေးခဲ့ကြသည်။

တိုင်းရင်းသားလူနည်းစုဒေသများတွင် တရုတ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေ သည်ကို စိုးရိမ်ကြောင်း ကြွေးကြော်ခဲ့ကြသည်။

တရုတ်အစိုးရအား ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရန်နှင့် ရက်စက် ကြမ်းကြုတ်သော အစိုးရ၏ သိမ်းပိုက်မှုအောက်တွင် နေထိုင်နေရသော်လည်း ၎င်းတို့အား ဒုတိယ တန်းစားနိုင်ငံသားများကဲ့သို့ မခံစားရစေရန် တရုတ်နိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများအား ၎င်းတို့၏ အခြေခံအခွင့်အရေးများ ပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့သည်။

တိဘက်လူမျိုးများသည် ယင်းတို့၏ အမိမြေကို တရုတ်ကွန်မြူနစ်ပါတီမှ အတင်းအဓမ္မ သိမ်းပိုက်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ၁၉၅၉ ခုနှစ်တွင် တော်လှန်ခဲ့ကြသည့် မတ်လ ၁၀ ရက်သည် ကမ္ဘာတစ်ဝန်းရှိ တိဘက်လူမျိုးများအတွက် အလွန်အရေးကြီးသောနေ့ဖြစ်သည်။

၁၉၅၉ ခုနှစ်က တိဘက်လူထုအုံကြွမှုသည် ပြည်သူများ၏ ဆန္ဒအလျောက်စတင်ခဲ့ပြီး တိဘက်မြို့တော် လာဆာတွင် တရုတ်ကို ဆန့်ကျင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို တရုတ်စစ်တပ်(PLA) ၏ သောင်းကျန်းသူ စစ်သားများက သတ်ဖြတ်ခြင်းကြောင့် လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly