တရုတ်၏ တရားမဝင်သိမ်းပိုက်မှုကို တိဗက်လူမျိုးများက လန်ဒန်တွင် ဆန္ဒပြ

တရုတ်၏ တရားမဝင်သိမ်းပိုက်မှုကို တိဗက်လူမျိုးများက လန်ဒန်တွင် ဆန္ဒပြ

တရုတ်၏ တရားမဝင်သိမ်းပိုက်မှုကို ဆန့်ကျင်သည့် ၆၃ နှစ်မြောက် တိဘက် အမျိုးသား အရေးတော်ပုံ အထိမ်းအမှတ်အဖြစ် လန်ဒန်မြို့ရှိ တရုတ်သံရုံးအပါအဝင် နေရာအသီးသီးတွင် တိဘက်လူမျိုးများက ဆန္ဒပြပွဲ များပြုလုပ်ခဲ့ကြသည်။

ဆန္ဒပြသူများက “တိဘက်က တရုတ်ရဲ့ အစိတ်အပိုင်းမဟုတ်”၊ “တိဘက်လူမျိုးတွေက လွတ်လပ်ရေး တောင်းဆိုတယ်”၊ “တရုတ်က ငါတို့နိုင်ငံကို ခိုးယူပေမဲ့ ငါ့အသံကိုတော့မရဘူး တိဘက် လွတ်လပ်ပါစေ” ဟူသော ကြွေးကြော်သံပိုစတာများ ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြသည်။

တိဘက်အမျိုးသားအရေးတော်ပုံနေ့အထိမ်းအမှတ်အဖြစ် လန်ဒန်မြို့တွင် အခမ်းအနားများ ဆက်တိုက် ပြုလုပ် ခဲ့သည်။ Woolwich Royal Borough of Greenwich ရှိ မြို့တော်ခန်းမတွင် အလံတင်ခြင်း အခမ်းအနားကို ဆန္ဒပြသူများက ကျင်းပခဲ့သည်။

အခမ်းအနားသို့ ကောင်စီဝင်နှင့် မြို့တော်ဝန်ဖြစ်သော ဒီနိုက် ဟေးလန့်၊ Greenwich Royal Borough ခရိုင် ကောင်စီခေါင်းဆောင် ဒန်နီ တော်ပီ၊ တိဘက်ရုံးမှ ဒလိုင်းလားမား ကိုယ်စားလှယ် ဆိုနမ် တီဖရာစီ၊ ဗြိတိန် တိဘက်အသိုင်းအပိုင်း၏ ဂရင်းနစ်တိဗက်အသင်း (GTA) မှ ဘုတ်အဖွဲ့ဝင် ၄ ဦး၊ ဗြိတိန်ရှိ တိဘက် အသိုက် အဝန်း (TCB) ကောင်စီနှင့် တိဘက်နှင့် ဖိနှိပ်ခံ လူနည်းစုအတွက် ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့တို့ကို ကိုယ်စားပြုသည့် အနေဖြင့် ဆာရင်း ပတ်ဆန်တို့ တက်ရောက်ခဲ့ကြသည်။

တိဘက်အရေးနှင့် ပတ်သက်၍ လူအများသိရှိစေရန် အွန်လိုင်းအခမ်းအနားတစ်ခုတွင် ငြိမ်းချမ်းရေး တမန်ကဲ့သို့ သော ဆုကို ဒလိုင်းလားမားအား ဆုချီးမြှင့်ရန် မြို့တော်ဝန်အား ပတ်ဆန်က ပန်ကြားခဲ့သည်။

လန်ဒန်မြို့၊ အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဟွိုက်ဟောတွင်လည်း ဆန္ဒပြပွဲတစ်ခု တပြိုက်တည်း ပြုလုပ်ခဲ့သည်။

လွှတ်တော် အမတ် တင်လော့ဟန်၊ ခရစ်၊ ကယ်ရီမက်ကာသီ၊ လွတ်လပ်သော တိဘက်အဖွဲ့မှ အမှုဆောင် အရာရှိချုပ် ဆမ်ဝေါတန်နှင့် လွတ်လပ်သော တိဘက်အတွက် ယခင်ကျောင်းသားဟောင်းများအဖွဲ့မှ ဒတ်တာ တို့က တိဗက်အရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဆန္ဒပြသူများက တရုတ်သံရုံးသို့ ချီတက်ခဲ့ကြသည်။

တိဘက်လူမျိုးများက ၎င်းတို့၏ အမိမြေကို တရုတ်ကွန်မြူနစ်ပါတက အတင်းအဓမ္မ သိမ်းပိုက်ခြင်းကို ဆန့်ကျင်သည့်အနေဖြင့် ၁၉၅၉ ခုနှစ် မတ်လ ၁၀ရက်တွင် တော်လှန်ခဲ့ကြသည့် မတ်လ ၁၀ ရက်သည် ကမ္ဘာတစ်ဝန်းရှိ တိဘက်လူမျိုးများအတွက် အလွန်အရေးပါသောနေ့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly