တရုတ်က အီရတ်တွင် ဘဏ္ဍာရေး ထောက်ပံ့ပေးသည့် အဓိက နိုင်ငံဖြစ်လာ

တရုတ်က အီရတ်တွင် ဘဏ္ဍာရေး ထောက်ပံ့ပေးသည့် အဓိက နိုင်ငံဖြစ်လာ

တရုတ်က အရှေ့အလယ်ပိုင်းနှင့် မကြာသေးမီနှစ်များအတွင်း ပိုမိုနက်ရှိုင်းသော စီးပွားရေးဆက်ဆံမှု မြှင့်တင် ရေးမူဝါဒများချမှတ်နေစဉ်တွင် အီရတ်တွင် အဓိကဘဏ္ဍာရေထောက်ပံ့ပေးသည့် နိုင်ငံတစ်ခုဖြစ်လာသည်။

ခါးပတ်လမ်းသစ်စီမံကိန်း(BRI)အရ စွမ်းအင်နှင့် ဆက်သွယ်မှုဆိုင်ရာ အခြေခံအဆောက်အအုံစီမံကိန်းများကို တည်ဆောက်ခြင်းဖြင့် တရုတ်နိုင်ငံသည် အီရတ် ပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုများကို မဟာဗျူဟာ မြောက်အသုံးချနေကြောင်း ပညာရှင်အဖွဲ့ဖြစ်သည့် မူဝါဒသုသေတနအဖွဲ့(POREG) တွင် ဗယ်လယ်တင် ပိုပီစကုက ရေးသားထားသည်။

အီရတ်တက္ကသိုလ်များတွင် ကျောင်းများဆောက်လုပ်ခြင်းနှင့် ဘာသာစကားလေ့ကျင့်ရေးစင်တာများ ဖွင့်လှစ်ခြင်းတို့ကိုလည်း တရုတ်က လုပ်ဆောင်လျက်ရှိသည်။

အီရတ်မှ အမေရိကန်စစ်တပ်ရုပ်သိမ်းပြီးဆုံးချိန်တွင် တရုတ်သည် BRI အရ အီရတ်အစိုးရနှင့် ယင်း ၏ စွမ်းအင်စီမံကိန်းများကို အလုံးစုံ ရင်းနှီးမြှုပ်နှံမှုအတွက် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံထားပြီး အီရတ်သည် စွမ်းအင်ရရှိရ ရေးအတွက် တရုတ်၏တတိယအရေးအကြီးဆုံး မိတ်ဖက်ဖြစ် လာသည်။

တရုတ်ကုမ္ပဏီများဖြစ်သည့် Power Corporation of China နှင့် Sinotechတို့သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ တွင် အီရတ်အစိုးရနှင့် ချုပ်ဆိုခဲ့သော ' ရေနံအတွက် ပြန်လည်တည်ဆောက်ရေး' အစီအစဉ်အရ အီရတ်တွင် စာသင်ကျောင်းပေါင်း ၁၀ဝ၀ တည်ဆောက်ရန် လက်ခွဲကန်ကထရိုက်လုပ်ငန်းကို လက်ရှိတွင် အပြီးသတ်လုပ်ဆောင်နေကြောင်း POREG က ဖော်ပြခဲ့သည်။

တရုတ်သည် အီရတ်တွင် တရုတ်ဘာသာစကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်နေသည်။ အာဘေးလ်မြို့ရှိ ဆာလာဟာဒင်တက္ကသိုလ်ရှိ တရုတ်ဘာသာစကားဌာနသည် အီရတ်ကျောင်းသားများအား ဘာသာစကား သင်တန်းနှင့် ပညာရေးကို သင်ကြားပေးနေပြီး တရုတ်ကို အကောင်းမြင်စေရန် ဖန်တီးပေးသည့် အခမ်းအနားများကိုလည်း ပြုလုပ်နေသည်။

အဆိုပါ ကြိုးပမ်းမှုများသည် အမေရိကန်က ဒေသတွင်းမှ ထွက်ခွာသွားပြီဟူသော အာရပ်ခေါင်း ဆောင်များ ကြားတွင် ကြီးထွားလာနေသည့် ယူချက်အပေါ် အခွင့်ကောင်းယူခြင်းဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့်

နက်ရှိုင်းသော စီးပွားရေးဆက်ဆံမှု မြှင့်တင်ရေး မူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဗယ်လယ်တင် ပိုပီစကုက ပြောကြားခဲ့သည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် အရှေ့အလယ်ပိုင်း စွမ်းအင်ကို တရုတ်၏ လိုအပ်မှု ကြီးမားလာခြင်းနှင့် ပင်လယ်ကွေ့နိုင်ငံများနှင့် ကုန်သွယ်မှု တိုးလာခြင်းကြောင့်လည်း ဖြစ်သည်ဟု ယူဆရသည်။

အီရတ်သည် တရုတ်နိုင်ငံသို့ တတိယမြောက် ရေနံတင်ပို့မှု အများဆုံးနိုင်ငံ ဖြစ်သည်။ အီရတ်အစိုးရသည် စစ်ဒဏ်နှင့် ပျက်စီးယိုယွင်းနေသော အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရေးအတွက် တရုတ်ရင်းနှီးမြှုပ်နှံမှုကို လိုလားပုံပေါ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly