ဟောင်ကောင်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ အရေအတွက် ဝူဟန်မြို့သေဆုံးမှုထက် ကျော်လွန်လာ

ဟောင်ကောင်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ အရေအတွက် ဝူဟန်မြို့သေဆုံးမှုထက် ကျော်လွန်လာ

ဟောင်ကောင်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေသည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ ဒီဇင်ဘာလက ပထမဆုံးမှတ်တမ်းတွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်နှင့် ဆက်စပ်၍ သေဆုံးသူအရေအတွက်ထက် ကျော်လွန် သွားပြီဖြစ်သည်။

မတ်လ ၁၃ရက်တွင် နောက်ထပ်သေဆုံးသူ ၂၆၄ ဦးကို ဟောင်ကောင်က အတည်ပြုခဲ့ပြီးနောက် စုစုပေါင်း သေဆုံးသူ ၃,၉၉၃ ဦး ရှိလာခဲ့သည်။

ဝူဟန်အာဏာပိုင်များသည် ၂၀၂၀ပြည့်နှစ် ဧပြီလတွင် ကိုဗစ်-၁၉ လူနာများ သေဆုံးသူ ၃၈၆၉ ဦးရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။

ဟောင်ကောင်သည် အဆိုးရွားဆုံး ၅ ကြိမ်မြောက် ကိုရိုနာဗိုင်းရပ်လှိုင်းနှင့် တိုက်ခိုက်နေရသည်။

ဟောင်ကောင်၏ ကိုဗစ်-၁၉ ကပ်ရောဂါဒေသတွင်း ကူးစက်မှုနှုန်းသည် စင်ကာပူ၊ လန်ဒန်နှင့် နယူးယောက် မြို့တို့၏ အိုမီခရွန်မျိုးကွဲကူးစက်မှုနှင့် နှိုင်းယှဉ်ပါက များစွာကျော်လွန်နေကြောင်း HKFP မှ လေ့လာ သုံးသပ်ထားသည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

ဟောင်ကောင်တွင် မကြာသေးမီက သေဆုံးမှုနှုန်းမြင့်တက်လာပြီး မတ် ၁၀ ရက်တွင် လူတစ်သိန်းလျှင် ၃ ဒသမ ၄၄ ဦးနှုန်း သေဆုံးခဲ့ပြီး စင်ကာပူ၊ လန်ဒန်နှင့် နယူးယောက်မြို့တို့ထက် ဝ ဒသမ ၂ ရာခိုင်နှုန်း လျော့နည်းသည်။

မတ်လ ၁၃ရက်က ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ် ဦးဆောင်ကျင်းပသည့် နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ဟောင်ကောင်ပြည်သူများ ဘေးကင်းစေရန် လိုအပ်သော အရင်းအမြစ်များနှင့် ကြိုးပမ်းအားထုတ်မှုအားလုံးကို လုပ်ကိုင်ထားကြောင်း HKFP အား တုံ့ပြန်ပြောကြားခဲ့သည်။

သို့သော် ဟောင်ကောင်သည် အိုမီခရွန်ကူးစက်မှုဒဏ် ပြင်းပြင်းထန်ထန်ခံစားနေရပြီး စိတ်မကောင်းအရာအချက်မှာ ကာကွယ်ဆေးထိုးနိုင်ရန် ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။

ဟောင်ကောင်တွင် သက်ကြီးရွယ်အိုများအား ကာကွယ်ဆေးထိုးရန် အခက်အခဲများရှိနေသည်။

မကြာသေးမီက အဓိက ကူးစက်မှုအများအပြားဖြစ်ပွားခဲ့သည့် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ ပြုစုစောင့် ရှောက်ရေးဌာနများသို့ ကာကွယ်ဆေးထိုးအဖွဲ့များသည် သွားရောက်ဆေးထိုးပေးမည်ဖြစ်ကြောင်း အာဏာပိုင်များက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly