ယူကရိန်းအကျပ်အတည်းကြောင့် တရုတ်စီးပွားရေး ဂျပန်ဘဏ်များပေါ်တွင် မှီခိုလာရနိုင်

ယူကရိန်းအကျပ်အတည်းကြောင့် တရုတ်စီးပွားရေး ဂျပန်ဘဏ်များပေါ်တွင် မှီခိုလာရနိုင်

ယူကရိန်းအကျပ်အတည်းနှင့် တရုတ်ဘဏ်လုပ်ငန်းများက ပြည်တွင်း၌ အားစိုက်လုပ်ကိုင်မည်ဖြစ်သဖြင့် အာရှတွင် ငွေဖြစ်လွယ်သော ဒေါ်လာများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်လာရနိုင်ပြီး အာရှ၏ စီးပွားရေးကို ဘဏ္ဍာရေးထောက်ပံ့နေသည့် ဂျပန်ဘဏ်ကြီးများသည် ဒေသတွင်းတွင် ဒေါ်လာများ လွတ်လပ်စွာ စီးဆင်းမှုအတွက် အဓိကအချက်ဖြစ်လာဖြစ်လိမ့်မည် ဟု Nikkei Asia က ဖော်ပြခဲ့သည်။

တရုတ်ဘဏ်များသည် ချေးငွေအဆင့်အတန်းနိမ့်ကျလာခြင်းနှင့် ဂျပန်ဘဏ္ဍာရေးအဖွဲ့အစည်းများက နိုင်ငံတကာချိတ်ဆက်မှု ခိုင်မာအားကောင်းခြင်းကြောင့် အာရှကုန်သွယ်မှုဘဏ္ဍာရေးထောက်ပံ့မှုအတွက် ဂျပန်အပေါ် မှီခိုနေရမည်ဖြစ်ကြောင်း Nikkei Asia တွင် အင်ဒရူးဟန့်နှင့် ဘန်အက်ရှ်ဘေတို့က အတွေးအမြင်ကဏ္ဍတွင် ရေးသားခဲ့သည်။

ထင်ရှားသည်မှာ လွန်စွာများပြားသောသော အပ်ငွေအခြေခံရှိသော်လည်း ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ပြည်တွင်းချေးငွေကန့်သတ်ချက်ရှိခြင်းကြောင့် ဒေါ်လာက လွှမ်းမိုးထားသည့် နိုင်ငံတကာအရင်း အနှီးဈေးကွက် များတွင် ဂျပန်ဘဏ်ကြီးများသည် အမြတ်အစွန်းများကို ရှာဖွေရန် တွန်းအားပေးခံခဲ့ရသည်။

ထို့ပြင် ဂျပန်သည် အမေရိကန်၏ ရင်းနှီးသော မဟာမိတ်ဖြစ်ခြင်းကြောင့် ဂျပန်သည် တရုတ်နှင့် နှိုင်းယှဉ် ပါက ထပ်လောင်းအားသာချက်ရှိနေပြီး ဆိုလိုသည်မှာ ဂျပန်ဘဏ်များသည် ယာယီငွေပိုထုတ်ချေးရန် အမေရိကန် ဗဟိုဘဏ်မှ ဒေါ်လာများကို တိုက်ရိုက်ချေးယူနိုင်သည်။

သို့သော် တရုတ်ပြည်သူ့ဘဏ်နှင့် ဟောင်ကောင်ငွေကြေးအာဏာပိုင်တို့က ဂျီ-၇ နိုင်ငံများ၏ ချစ်ကြည် ရေး အပေါ်တွင်မူတည်သည့် သုံးစွဲခွင့်သည် အမေရိကန်ငွေကြေးအရန်ငွေပမာဏကို အကန့်အသတ်ဖြင့်သာ မှီခိုနေရသည်ဟု သဘောထားအမြင်ဆောင်းပါးတွင် ဖော်ပြထားသည်။

သို့သော် ငွေကြေးဖောင်းပွမှုကို စိုးရိမ်သဖြင့် အမေရိကန်ဗဟိုဘဏ်သည် ကမ္ဘာလုံးဆိုင်ရာငွေဖြစ်လွယ်မှုကို တင်းကျပ်စွာ ထိန်းချုပ်နိုင်ဖွယ်ရှိသဖြင့် ဂျပန်ဘဏ်များသည် ယင်းတို့စုဆောင်းထားသော အမေရိကန်ဒေါ်လာ ၅ ထရီလီယံထက် ပိုပြီး ပြည်ပတောင်းဆိုမှုတန်ဖိုးမြင့်မားပါက မည်သို့လုပ်ဆောင်ရမည်ကို ခက်ခဲသော ဆုံးဖြတ်ချက်များချရမည်ဖြစ်သည်။

ယခုအခါ ဂျပန်သည် နောက်အဆင့်အတွက် ရင်ဆိုင်နေရသည့် အခက်အခဲတွင် ထိခိုက်မှု နည်းပါးစေရန် ယူရိုဒေါ်လာ ချေးယူမှုကို လျှော့ချမည်ဆိုပါက ငွေချေးသူများကို ပိုမိုမြင့်မားသော အတိုးနှုန်းကို ကောက်ခံခြင်း သို့မဟုတ် ချေးငွေအတွက် ပိုမိုရွေးချယ်မှုများ ပြုလုပ်လာရမည်ဖြစ်သည်။

သို့သော် တရုတ်နှင့် ဟောင်ကောင်တို့ကို တိုက်ရိုက် အမေရိကန်ဒေါ်လာ ၁၆၆ ဘီလီယံ ချေးငွေ ပေးထားခြင်းနှင့် တရုတ်အိမ်ခြံမြေပြဿနာများ စတင်ပေါ်ပေါက်လာသဖြင့် အဆိုပါကဏ္ဍသည် စွန့်စားရမှု လျှော့ချရေးအတွက် အဓိကကဏ္ဍ ဖြစ်လာမည်ဖြစ်ကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly