မော်လ်ဒိုက်ရှိ အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုကို တရုတ်က ပံ့ပိုးပေးခဲ့ဖွယ်ရှိ

မော်လ်ဒိုက်ရှိ အိန္ဒိယဆန့်ကျင်ရေးလှုပ်ရှားမှုကို တရုတ်က ပံ့ပိုးပေးခဲ့ဖွယ်ရှိ

မော်လ်ဒိုက်သမ္မတဟောင်း အက်ဒူလာ ယာမန်နှင့် ၎င်းကို ထောက်ခံသူများက မော်လ်ဒိုက်မှ ‘အိန္ဒိယ ထွက် သွား’ ဆိုသည့် လှုပ်ရှားမှုကြောင့် ယာမန်သည် တရုတ်နိုင်ငံနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း မီဒီယာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

အမျိုးသား ကာကွယ်ရေးကမ်းခြေစောင့်တပ်၏ Sifvaru-UthuruThilafalhu (UTF) ရှိ မော်လ်ဒိုက် ဆိပ်ကမ်းကို တည်ဆောက်ရန် အိန္ဒိယနှင့် မော်လ်ဒိုက်နိုင်ငံတို့သည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် သဘောတူခဲ့ကြသည်။

ယာမန်နှင့် ၎င်းကို ထောက်ခံသူများက အဆိုပါသဘောတူညီချက်သည် မော်လ်ဒိုက်တွင် အိန္ဒိယတပ်များ စခန်းချမည့်နည်းလမ်းအဖြစ် ပြောဆိုကာာ လက်ရှိ မိုဟာမက်ဆိုလစ်အစိုးရသည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို အပေးအယူလုပ်သည်ဟု လူမှုမီဒီယာတွင် စွပ်စွဲခဲ့ပြီး ပြီးခဲ့သည့်လများက 'အိန္ဒိယ ထွက် သွား' လှုပ်ရှားမှုကို စတင်ခဲ့သည်။

UTF သဘောတူညီချက်ကို လက်မှတ်ရေးထိုးသော ယာမန်ဦးဆောင်သော အွန်လိုင်း သတင်းဌာန အနည်းငယ်က ယင်းတို့၏ သတင်းဌာနဝက်ဘ်ဆိုက်များတွင် အလွန်အငြင်းပွားဖွယ်ကောင်းသော ဆောင်းပါးများကို ဖော်ပြခဲ့ကြောင်း Maldives Voice မှ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သဘောတူညီချက်သည် နိုင်ငံကို ခြိမ်းခြောက်မှု မရှိကြောင်း အစိုးရက ထုတ်ပြန်ထားသော်လည်း အဆိုပါ သတင်းဆိုက်များက လူအများ၏ အာရုံစိုက်မှုကို ရရှိစေရန် ဆက်လက်စွပ်စွဲရေးသားဖော်ပြခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

၂၀၁၃ခုနှစ်တွင် တိုးတက်သောပါတီ (PPM) မှ အက်ဒူလာ ယာမန် သမ္မတဖြစ်လာခဲ့ချိန်တွင် အိန္ဒိယ ဆန့်ကျင် ရေး လှုပ်ရှားမှုများ ပြန်လည်ပေါ်ပေါက်လာကြောင်း အစီရင်ခံစာများတွင် ဖော်ပြထားသည်။

ယာမန်အာဏာရခဲ့ချိန်က တရုတ်နှင့် မော်လ်ဒိုက်တို့ ဆက်ဆံရေးကောင်းမွန်ခဲ့သည်။

၎င်း၏ အစိုးရလက်ထက်က များပြားလှသော ပညာသင်ဆုများ၊ ဆွေးနွေးပွဲများနှင့် နှီနှောဖလှယ်ပွဲ အစီအစဉ်များအတွက် ရန်ပုံငွေ ပံ့ပိုးမှုများကို တရုတ်ကွန်မြူနစ်ပါတီ (CCP) ထံမှ ရရှိခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၂၀၁၄ ခုနှစ်က မော်လ်ဒိုက်သို့ လာရောက်လည်ပတ်သည့် ပထမဆုံး တရုတ် သမ္မတဖြစ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly