တာလီဘန်တို့၏ လုံခြုံရေးခြိမ်းခြောက်မှုများကို ကိုင်တွယ်မည့် လုပ်ငန်းစဉ်ကို အီးယူ ပြင်ဆင်

တာလီဘန်တို့၏ လုံခြုံရေးခြိမ်းခြောက်မှုများကို ကိုင်တွယ်မည့် လုပ်ငန်းစဉ်ကို အီးယူ ပြင်ဆင်

တာလီဘန် ထိန်းချုပ်ပြီးနောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံသည် ဥရောပနိုင်ငံများကို ပစ်မှတ်ထားနိုင်သည့် နိုင်ငံတကာ အကြမ်းဖက်သမားများအတွက် ဘေးကင်းခိုလှုံရာ နေရာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်မှုအပေါ် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ရင်း ဥရောပသမဂ္ဂ (အီးယူ) သည် ထိုခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် လုပ်ငန်းအစီအစဉ်တစ်ခုကို ပြင်ဆင်လျက်ရှိသည်။

အီးယူ၏ လုပ်ငန်းအစီအစဉ်အရ အာဖဂန်နစ္စတန်၌ တာလီဘန်တို့ အာဏာပြန်ရခြင်းကြောင့် ဥရောပရှိ မွတ် ဆလင်များ ၊ ပြည်ပရောက် အာဖဂန်များအပါအဝင် ကမ္ဘာအနှံ့ရှိ အစ္စလမ္မစ် အစွန်းရောက်ဝါဒီနှင့် ဂျီဟတ်ဒစ် ဝါဒဖြန့်မှု အခင်းအကျင်းအပေါ် ကျရောက်မည့် သက်ရောက်မှုကို စောင့်ကြည့်ရန် အီးယူ ထောက်လှမ်းရေး

ကွန်ရက်များကို တောင်းဆိုကြောင်း Insiderover တွင် ရေးသားနေသည့် ဖက်ဒါရီကို ဂီအူလီယန်နီက ပြောသည်။

“အာဖဂန်နစ္စတန်မှာ ဖြစ်နေတဲ့ ဖြစ်စဉ်တွေအပေါ် တုံ့ပြန်ပြီး ကောင်စီဟာ စက်တင်ဘာလတုန်းက အာဖဂန်နစ္စတန်ဆိုင်ရာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လုပ်ငန်းအစီအစဉ်တစ်ခုကို ထုတ်ဖော်ခဲ့ပါတယ်။ အဲဒီမှာ ရှင်းလင်းတဲ့ ရည်မှန်းချက် လေးခု ချမှတ်ခဲ့သလို အရေးယူဖော်ဆောင်ဖို့ အကြံပြုချက် ၂၂ ခုကိုလည်း ထုတ်ဖော်ထားပါတယ်” ဟု ဂီအူလီယန်နီက ပြောသည်။

“ဥရောပဒေသအတွက် အာဖဂန်နစ္စတန် လုံခြုံရေး အခြေအနေ၏ ဂယက်ရိုက်ခတ်မှုများ” ဟု ခေါင်းစဉ်တပ်ထားသည့် ရှင်းလင်းတင်ပြမှုအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

အာဖဂန်နစ္စတန်ကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းရောက်ရှိခဲ့သည့် အာဖဂန်နိုင်ငံသားများနှင့် အခြားသူများကို စောင့်ကြည့်ရန် အီးယူက အဆိုပြုသလို ယင်းကို အကောင်အထည်ဖော်လျက် ရှိကြောင်း ဂီအူလီယန်နီက ပြောသည်။

အခြားသော အရေးကြီးသည့် အကြံပြုချက်အရလည်း အကြမ်းဖက်မှုကို ကိုင်တွယ်ရန် စစ်ဘက် လက်စွဲစာအုပ် ဖော်ဆောင်ရေး အကြံပြုထားကြောင်း ဂီအူလီယန်နီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly